10

2.5K 256 6
                                    

ပုံမှန်စာမေးပွဲရက်တွေဆိုရင် ဖြေမယ့်ဘာသာကို ညလုံးပေါက်ကြည့်ပြီးသွားဖြေဖြစ်သည်။
အခုတော့ ဂျောင်ကုရဲ့ ကျေးဇူးကြောင့် ညလည်လောက်ကတည်းက ကြည့်ရမယ့်စာတွေပြီးသွားတာကြောင့်
စာမေးပွဲရက်ဖြစ်သော်ငြား အိပ်‌ေရးဝဝအိပ်လိုက်ရသည်။
ဂျီမင်းက မှတ်ဉာဏ်လည်းအင်မတန်ကောင်းတာမို့ စာတွေကို သေသေချာချာမှတ်မိနေတဲ့အတွက် စာမေးပွဲတိုင်းကို
စိတ်မပူတတ်ဘူး။

"အကိုလေး..အကြမ်းရည်ယူခဲ့ရတော့မလား"

     စာမေးပွဲရက်တွေဆိုရင် စောဂျွန်း က စောပြီးလာလေ့ရှိသည်။
မနက်မှောင်မှောင်လောက်က လာပြီး မုန့်တွေဘာတွေလည်း လုပ်လာတတ်သေးသည်။

စာလုပ်ရရင်စိတ်ပျော်ရွှင်နေတဲ့သူက မရှိသလောက်မို့လား။
ပုံမှန်ချိန်မှာတောင် ဒေါသထွက်လွယ်တာမို့ စာမေးပွဲအတွင်းတွေဆိုရင်
စိတ်တည်ငြိမ်အောင် ရည်ရွယ်ပြီး ပင်စိမ်းနဲ့လုပ်ထားတဲဲ့အကြမ်းရည်ကို တိုက်ပေးဖြစ်သည်။
ဒါဟာ စားဖိုမှူးလေးစောဂျွန်းရဲ့ အကိုလေးအတွက် သီးသန့်ဖန်တီးမှုဖြစ်သည်။

ပင်စိမ်းနဲ့ ပတ်ဂျီမင်းက ရေစက်ပါတယ်လို့ပြောလို့ရတယ်။
အနံ့တွေဆိုရင် အာရုံခံကောင်းလွန်းလို့ ဆိုးရွားတဲ့ဟာတွေဆိုရှောင်လေ့ရှိတယ်။
အီလည်လည် အမွှေးလွန်အနံ့လိုမျိုး...
ဂျီမင်းရဲ့ အိပ်ခန်းထဲမှာ ပန်းအိုးတွေဘာတွေမရှိတာက သက်သေပင်...

     ဒါပေမယ့်..ထူးခြားစွာနဲ့ စာကြည့်စားပွဲပေါ်မှာတော့
ပန်းအိုးပုသေးသေးလေးထဲကို ပင်စိမ်းပုအမျိုးအစားလေးတွေထည့်စိုက်ထားလေရဲ့။
ပင်စိမ်းအနံ့ကို သူအရမ်းကြိုက်တယ်...အဲ့ဒါကြောင့်လည်း
စာကြည့်ရင်းအနံ့လေးရအောင် စာကြည့်စားပွဲပေါ်တင်ထားခြင်းဖြစ်သည်။

ဒီချစ်စရာကောင်းလွန်းတဲ့ ပုသေးသေး ပန်းအိုးလေးက
စောဂျွန်း မွေးနေ့လက်ဆောင်ပေးထားတာဖြစ်သည်။
မီးဖိုချောင်မှာ စောဂျွန်းဝယ်လာသော ပင်စိမ်းရွက်ကို လက်နဲ့ခြွေမိတဲ့အချိန်ကနေ စွဲလန်းလာချက်ကတော့
တစ်ခါတစ်ရံ မီးဖိုချောင်ကိုမွှေသည်အထိပင်။

✧Only Your King✧Where stories live. Discover now