မင်ဂျူးမှာက အဖွားသာလျှင် သူ့ရဲ့အုပ်ထိန်းသူဆိုတော့ သူ့ရဲ့ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းတွေကိုလည်း မရင့်ကျက်သေးတဲ့ ကလေးသူငယ်လေးလို ဖွင့်ဟနေကြပေါ့။ စပ်စုတတ်ပြီး နေရာတကာဝင်ပါတတ်လွန်းတဲ့ မင်ဂျူးကြောင့် ဂျောင်ကုပါ ပြဿနာတောထဲရောက်ခဲ့ရတာတွေရှိခဲ့ဖူးသည်။
အခုလည်း ဆယ်ဟီးကို သူဘယ်လောက်ချစ်တဲ့အကြောင်း ပူဆာပြီး အဖွားဖြစ်သူကို စကားမပြောသည်အထိ ဆန္ဒပြခဲ့တာဖြစ်သည်။
အကြောင်းကတော့ ဂျောင်ကုလို စေ့စပ်ထားချင်၍ဖြစ်သည်။
ငယ်ရွယ်သေးတဲ့အရွယ်မို့ စိတ်ကစားတာမျိုးဆိုလျှင် တဖက်မိန်းကလေးအတွက် နစ်နာစရာ ကိစ္စရပ်မို့ မင်ဂျူးအကြောင်းသိနေတဲ့ အဖွားက လက်မခံခဲ့ပေမယ့် မြေးဖြစ်သူက အင်မတန်သဘောကျနေမှတော့ ဘာတတ်နိုင်မှာမို့လဲ။ထမင်းစားဖိတ်ရခြင်းကလည်း လူကြီးတွေ စကားမပြောကြခင် မြေးမလေးနဲ့ ရင်းနှီးမှုလေး အနည်းအကျဉ်းရလိုတဲ့ သဘောနဲ့ ဖြစ်သည်။ လူကြီးတွေ တွေ့ကြတဲ့နေ့မှ ဗြုန်းဆိုပြီးတွေ့လိုက်ရရင် လူကြီးကို အနည်းငယ် ရှိန်မိမှာပဲမို့လား။ မပြောရဲမဆိုရဲ ဖြစ်ပြီး ကလေးမလေးရဲ့ စိတ်သဘောထားကို အပြည့်အဝ မသိလိုက်တာမျိုးလည်း မဖြစ်ချင်။ ဂျောင်ကုလေးကို မေးကြည့်လို့သိရတာတော့ ကောင်မလေးက အနေအေးသည်ဆိုပဲ။
အဖွားစိတ်ပူတာ ဒါမျိုးတွေကို ဖြစ်သည်။
ဟိုက အနေအေးသည်နဲ့ မင်ဂျူးနဲ့!
ဆန့်ကျင်ဖက်လိုဖြစ်နေတဲ့သူတို့လေးတွေ အဆင်မှပြေကြပါ့မလား။"အဖွားရေ...သားတို့ရောက်ပြီ"
ခုန်ပေါက်တော့မတတ် မြူးထူးနေတဲ့ အသံနဲ့မင်ဂျူးဟာ ဆံပင်ဖြူဖွေးဖွေးနဲ့ အဖွားကြီးကို ပြုံးရိပ်သန်းအောင်လုပ်နိုင်ပါသည်။ ရောက်ပြီးမကြာခင်မှာပင် အဖွားသည် ထမင်းစားခန်းကို ခေါ်သွားသည်။ အကြောင်းပြချက်ကလည်း ထမင်းစားဖိတ်တာမို့လား။ လူ့လောကမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျဉ်လည်လာတဲ့အတွက် ဆယ်ဟီးတို့မောင်နှမနှစ်ယောက်ကတော့ အဖွားအိုအတွက် ပါမွှားသာဖြစ်သည်။