"ဆယ်ဟီးရှိ""ရှင်"
"ကျတော် တောင်းပန်ချင်လို့ပါ။"
"ရှင်..
ဘာအတွက်လဲဟင်"ဂျီမင်း ရှက်ရှက်နဲ့ ဂုတ်ပိုးကို လက်နဲ့ပွတ်လိုက်သည်။
တကယ်တမ်းတော့ အဲ့ဒါကြီးက အတော်ကြာခဲ့ပြီကို...
သူတောင် တတိယနှစ်ကို ရောက်နေပြီမို့လား။"အရင်က အတွက်ပါ...ဟီး"
အချေအမိုးတစ်ယောက်က တောင်းပန်ချင်လို့ဆိုတော့
သူမ ဘာပြောရမှာလဲ။
ပြောစရာကို မရှိဘူးမို့လား!အဲ့လိုမျိုးတွေအရှက်ကွဲခဲ့ပေမယ့် သူဟာ စီနီယာဂျီမင်းကို ယနေ့တိုင်စွဲလမ်းနေဆဲပါ။
သူမက ဂျီမင်းတို့ထက် တစ်နှစ်ငယ်၍
ခဏဆိုသလို မတွေ့နိုင်ပေမယ့်
သူမကိုယ်တိုင် ဖန်တီးထားတဲ့ လက်ဆောင်ပိစိလေးတွေကို သူချစ်ရတဲ့စီနီယာအား တိတ်တခိုး ပေးနေမိသည်။
ကိုယ်ကချစ်ရသူ မလား။"ဆယ်ဟီးရှိ ကို တောင်းပန်တဲ့အနေနဲ့ တစ်ခုခုလိုက်ကျွေးမယ်လေ။
မိတ်ဖြစ်ဆွေဖြစ်ရောပေါ့"တကယ်တော့ လမ်းမှာတိုက်ဆိုင်လို့တွေ့ရင်တောင် ဆယ်ဟီးက ရှက်ပြီးရှောင်နေတတ်သဖြင့် သူတို့က စကားမပြောဖြစ်တာ ကြာသည်ကို ပြောရဲဆိုရဲဖြစ်နေသည်မှာ ထိုလူက ဂျီမင်းဖြစ်နေ၍သာ။
ဂျီမင်းက သူဖြစ်ချင်တာကို ဖန်တီးယူနိုင်တယ်
တစ်ခြားလူတွေကို
ဂရုစိုက်နေတတ်တဲ့အထဲမှာ မပါဘူး။မျက်နှာက သကြားရည် လောင်းပြီး ပျားရည်သုတ်ထားသလိုပါပဲ။
မပြုံးချင်ဘဲ တမင်လုပ် ပြုံးနေမှန်း သိသာလှပေမယ့်
စတိုင်က အသေမိမိုက်နေတော့ ဟန်ဆောင်ထားတာလို့ မမြင်ကြဘဲ
Sweet smile တွေ ဘာတွေပြောသွားကြလေရဲ့။.
.
.
.ခေါင်းလေးကိုငုံ့လို့ ရှိုးတိုးရှန့်တန့် နဲ့ သွားနေတဲ့ အနေအေးသူလေး
ဆယ်ဟီးရဲ့ ဘေးကနေ စမတ်ကျတဲ့ လူဆိုးလေး ပတ်ဂျီမင်း
အကြံကြီးတစ်ခွဲသားနဲ့လိုက်သွားပါပြီ။အညိုရောင်ဆိုးဆေး ဆိုးထားတဲ့ ဆံသား အိအိလေးတွေကို ခေတ်ပေါ်ဆံထုံးလေး ထုံးလို့
အပြာနုရောင် ဂါဝန်လေးနဲ့ သူမ က လှပတာတော့အမှန်ပင်။
ဆံထုံးကနေ လျော့ရဲစွာကျနေတဲ့ ဆံနွယ်မျှင်လေးတွေနဲ့ ဝင်းမွတ်နေတဲ့ သူမရဲ့ ဂုတ်သားဖြူတွေ က မင်ဂျူးအကြိုက်တွေဖြစ်သည်။