5

3K 300 15
                                    

ဘတ်စ်ကားပေါ်ရောက်သည်ထိ
ဂျောင်ကြီး မှာ ငါးပူတင်းလေးရဲ့မျက်နှာကိုစေ့စေ့မကြည့်ရဲ။
ဒါပေမယ့် ဂျီမင်း က တော်တော်‌ေလးချိုတယ်!

လောလောဆယ်တော့ ဒေါသအိုးလေးရဲ့ လက်သီးကိုကြောက်လို့
မျက်နှာက မပြုံးရဲပေမယ့် ပြုံးချင်ချင်ဖြစ်နေတဲ့စိတ်ကြောင့်
ပါးစပ်ကို အတင်းစေ့ထားရသည်။
ဗိုက်ထဲမှာလည်း လိပ်ပြာပေါင်း တစ်သိန်းပျံဝဲနေသလို။

အရမ်းကိုကြည်နူးလွန်းလို့ ဘတ်စကားပေါ်က ရှိသမျှ လူတွေအကုန်လုံးကို ပြေးဖက် နမ်းချင်စိတ်တွေ ပေါက်နေတာကိုလည်း
ချုပ်တည်းထားရသည်။

"အာ့! သေပါပြီ"

ခြေထောက်သေးသေးလေးကို လေ‌ပေါ်
မြောက်နိုင်သမျှမြေှာက်လိုက်ပြီး
အင်အားကြီးကြီးဗလကြီးပေါ် အသားကုန် နင်းချလိုက်သည်။
စောစောထဲက လက်သီးနဲ့ထိုးချင်နေတာ
ဘတ်စ်ကားလာလိုက်လို့သက်သာသွားတယ်မှတ်!

"ကြည့်စမ်း သူကလည်းတက်နင်းသေး
ကိုယ့်ကိုလာပြီး ဂြိုလ်ကြည့်ကြည့်နေတယ်"

အခုချိန်မှာ သူ့ကို တက်နင်းရုံမကဘူး
ပါးလေးကို အူးမွပေးလည်း စိတ်မဆိုးပါ!
ပြည့်ဖြိုးနေတဲ့ ပါးဖောင်းဖောင်းကို ကြည့်ရင်း
အဲ့ဒီပါးလေးတွေကို ကိုက်စားချင်စိတ်ကပေါက်လာပြန်ပြီ။
အမှန်တိုင်းပြောရရင် သူတော်တော်ချစ်မိနေပြီ..

"ဘာလုပ်တာလဲ!!!"

နွေးထွေးတဲ့ ရင်ခွင်ကျယ်ကြီးထဲ ရောက်သွားတဲ့အချိန်
လန့်လန့်နဲ့ အော်ချတာ
ကားပေါ်ကလူတွေအကုန်
သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်လာကြသည်။

"တောင်းပန်ပါတယ်ဗျာ ။
ကျတော့်ကောင်လေးက စိတ်ဆိုးနေလို့ပါ"

"တိုးတိုးနေလေ။
နှာဘူးတွေ ဖင် ကိုင်တာခံချင်လို့လား"

ခပ်ကြိတ်ကြိတ်ပြောလိုက်တော့ ဘေးကနှာဘူးဘိုးတော်ကြီးကို ကြည့်ပြီး ကြောက်သွားသည်ထင် အသံစာစာလေးက ထပ်ထွက်မလာတော့ဘူး။

နှဘူးကြီးကို ခုတုံး လုပ်ပြီး
သေးသေးကွေးကွေး ညှက်စိလေးကို သက်ညှာမှုမရှိဘဲ
အားရပါးရကို ဖြစ်ညစ်ပြီး ဖက်ထားလိုက်သည်။
အခုချိန်မှာ ကြားလူ မပြောနဲ့ ကြားလေ ကို အဝင်မခံနိုင်ပါ!

✧Only Your King✧Donde viven las historias. Descúbrelo ahora