"အန်ကယ်.."
"အော်..ဂျောင်ကု
လာကွာ..ထိုင်။"ဒီနေ့ရုံးပိတ်ရက်ဆိုတော့ အန်ကယ်က
မနက်နေပူဆာလှုံရင်း သတင်းစာဖတ်နေတာဖြစ်သည်။
အန်ကယ်ရဲ့ဘဝကိုကြည့်ရတာ အားကျစရာကောင်းသလောက်
သူချစ်ရတဲ့ပုဂ္ဂိုလ်ကတော့ ဖအေနဲ့မတူဘဲ အမြဲလက်လက်ထနေသည်။"ဂျီမင်းရှိလားအန်ကယ်"
"ရှိတာပေါ့ကွ။
နောက်ဘက် ကားဂိုထောင်နားက သူ့အားကစားခန်းမှာ""ကျဝောာ် သွားတွေ့လိုက်ဦးမယ်"
"အေးအေး..မင်းကငါ့တွေ့ဖို့လာတာမှမဟုတ်ဘဲ..ဟားဟား"
မှန်သောစကားကိုပြောလိုက်တာမို့
ဂျောင်ကုမှာ ရှက်ကိုးရှက်ကန်းတော့ဖြစ်သွားသည်။
ရှေ့မျက်နှာနောက်ထားလို့ ဂျီမင်းဆီသို့..ဂျီမင်းက ပြိုင်ကားအရမ်းကြိုက်တော့ သူ့ကားတွေအတွက်
ဂိုထောင်လေး သက်သက်လုပ်ပေးထားတာတဲ့။
အန်ကယ်ပြောပြသလောက်ကတော့
ဂျီမင်းက ကျန်တဲ့နေရာတွေမှာ စကားကိုနားထောင်သလောက်
ကား လိုချင်ပြီဆို ကလေးတွေ အရုပ်ပူဆာသလိုကို ပူဆာတာတဲ့။ဂျီမင်းက သူ့ရဲ့ပြိုင်ကားတွေကို နာမည်တွေလည်းပေးထားသည်တဲ့။
သုံးစီးလောက်တော့ရှိသည်။
ဒါကလည်း အရင်တုန်းက အကြွားခံထားရလို့သိနေခြင်း..အားကစားလိုက်စားတာလား၊
ဆော်ကြည်အောင်လားတော့မသိ!
Gym လည်းသွားသလို အိမ်မှာလည်းကစားသည်။
ဟိုတစ်ေခါက်တုန်းကလည်း အပေါ်ထက်အခန်းကနေ လက်ဝှေ့ထိုးသံကြားလိုက်ရသေးသည်မှတ်လား။
ဒီလိုတွေလေ့ကျင့်နေလို့များ သူ့လက်သီးက သန်မာနေသလားဘဲ။"အုန်းးး"
"ဂျီမင်း!!!"
"ဘာလာလုပ်ပြန်ပြီလဲ!"
စာမေးပွဲက မနက်ဖြန်ကို..
မဟုတ်မှလွဲ သွားကြည့်လိုက်ပါအုံးမယ်ဆိုပြီး
ထွက်လာလိုက်တာ...ထင်တဲ့အတိုင်းပဲ။
စာကြည့်တာကိုမမြင်ဘူး..ဒီတိုင်းလွတ်ထားလို့တော့မဖြစ်တော့ဘူး။Switzerlandကနေ ဒရွတ်တိုက်မတတ်ပြန်ခေါ်လာရတာက
စာကြည့်ဖို့လေ။
ဆံပင် မီးခိုးရောင်ကောက်ကောက်နဲ့မှ ပိုပြီးလှနေသယောင်။
ကြည်လင်လှတဲ့အသာအရေက ဂျီမင်းရဲ့ ဂုဏ်ဆောင်တစ်ခု။
ဒီဆံပင်ကေ၊အရောင်နဲ့မှ အလှတရားတွေပိုပြီးထွက်လာနေသလို။