.
.ဧည့်ခန်းမှာ မုန့်ထုတ်နဲ့ဘာနဲ့ အကျအန နေရာယူပြီး
အားပါးတရ ဂိမ်းဆော့နေသော ဂျီမင်း ကို ကြည့်ပြီး
သူ့ဒယ်ဒီ နည်းနည်းတော့ စိတ်ကျေနပ်မိသည်။သားလေးဟာ နေတတ်လွန်းပါတယ်လေ...
ဘယ်လောက်ဘဲ ဆိုးသွမ်းနေပါစေ အဖေပေါ်ကိုတော့ မဆိုးရှာဘူး။လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့ကို ထားခဲ့မှာတွေကို တွေးကြောက်နေရှာတာကိုလည်း သိတယ်။
တာဝန်ကျေခြင်းမရှိတဲ့ မိဘတွေကို ပိုင်ဆိုင်ခဲ့ရတာနဲ့တင် လုံလောက်ပါပြီ... သားလေးရဲ့အိမ်ထောင်ဘက်ကိုတော့
ဘယ်လိုနည်းနဲ့မှ အမျိုးသမီးအဖြစ်မခံနိုင်ဘူး။သူ့အမေလို မိန်းမမျိုးဖြစ်ခဲ့ရင် သားလေးအတွက် ပျော်ရွှင်ဖို့က အလှမ်းဝေးသွားနိုင်သည်။"သား.... ဂျောင်ကု တို့အိမ်ကိုသွားမယ်မို့လား။
ဟိုမှာ သား လာမယ်ဆိုပြီး
ဂျောင်ကုအမေက ဖုန်းတွေဆက်လို့..
ပျော်နေရှာတာ"ဆော့လက်စ ဂိမ်းက You Win ဆိုတဲ့စာတန်းကိုမြင်တာနဲ့
ဂိမ်းစက် ကိုချပြီး ဒယ်ဒီ့ ကို ကြည့်လိုက်သည်။"ဒယ်ဒီ ရော လိုက်ခဲ့နော်"
"မဖြစ်ပါဘူး သားရယ်..
ဒယ်ဒီ မအားဘူးလေ။
ငါ့သားလေး ဖြုန်းဖို့ ပိုက်ဆံရှာရဦးမယ်""အမှန်အတိုင်းပြောရရင်
သား...မသွားချင်ဘူး ဒယ်ဒီ""ဘာလို့လဲ"
"ဟို ငနာ က သူ့ကိုယ်သူ အထင်တွေလွတ်ကြီးကုန်မှာ ဆိုးလို့"
"ဟားးးးဟားးးးးး
ဆူပုတ်လေးရဲ့ စကားကိုလည်း ကြားရော
သူဌေးကြီး အော်ရယ်မိသွားသည်။
ဂျီမင်းဟာ အပေါင်းအသင်းမရှိ၊ ပွေရှုပ်၊ ရန်ဖြစ်...
စွာတေးလေး ပေမယ့် သူ့ဒယ်ဒီနဲ့ နှစ်ယောက်ထဲဆို
ဒယ်ဒီရဲ့ ချစ်စရာစူပုပ်လေး သာဖြစ်သည်။
.
.
.နိုးစက်ကို ပုံမှန်အချိန်ထက် ကို နောက်ကျမှ ထားပြီး
အိပ်ယာဝင်ပစ်လိုက်သည်။
မနက်မိုးလင်းတော့ ပုံမှန် ထ တဲ့အချိန်ထက်တောင် စောပြီးနိုးနေသေးသည်။ဘယ်လိုဘဲ ဂျောင်ကု ကို သဘောမကျမကျ၊
ဂျောင်ကုရဲ့ မိဘ တွေက လူကြီးတွေပဲမို့လား
လေးစားသင့်တယ်ဆိုပြီး ပြန်မအိပ်တော့ဘဲ ပြင်ဆင်နေလိုက်သည်။