Part-1

10.2K 503 1
                                    

"ဂျောင်ကု ရဲ့ မိဘတွေ ဘက်က
သားနဲ့ စေ့စပ်ပွဲလေး လုပ်ပေးထားချင်တယ်လို့
ဒယ်ဒီ့ ကို ပြောလာတယ်"

တီဗွီဖန်သားပြင်က ဘောလုံးပွဲကို အာရုံရောက်နေရာကနေ ဘေးနားကိုလာထိုင်ပြီး စကားပြောလာတဲ့ ဖခင်ဖြစ်သူကို
စကားပြန်ဖို့ရာ ဂျီမင်း ဒယ်ဒီ့ ကို လှည့်ကြည့်ပြီး...

"အဲ့တော့ ဒယ်ဒီက ဘာပြန်ပြောလိုက်လည်း"

"သားရဲ့ သဘောထားကို မေးဦးမယ်လို့ပြောခဲ့တယ်"

ဒီလူ့ကိုပဲ လက်ထပ်ရမယ်၊ ဒီလူက မင်းရဲ့ အိမ်ထောင်ဖက် ပဲလို့
အသံတိတ် အမိန့်တွေ ချမှတ်ပြီးခါမှ
စေ့စပ်ပွဲ ကျင်းပတာလောက်ကို သူ့သဘောမေးနေစရာမလိုပါဘူးလို့
ဂျီမင်း တွေးလိုက်သည်။
ဒယ်ဒီ က သူကောင်းဖို့ လုပ်တာမှန်းတော့သိပေမယ့် ငမ်းငမ်းတက်နေတဲ့ အကောင် ကိုတော့ သူကြည့်လို့ သိပ်မရဘူး။

"ဒီပွဲက ကြည့်လို့ကောင်းတယ် ဒယ်ဒီရဲ့
ကျတော်နဲ့တူတူကြည့်ပါလား"

ဒယ်ဒီက သူပြောနေတာကိုအလေးမထားရကောင်းလား ဆိုပြီး
စိတ်ဆိုးသလိုကြည့်လာသည်။

"ဒယ်ဒီ ပြောတာကို သား ဘယ်လိုဖြစ်ချင်လဲ"

ဂျီမင်း ဘယ်လိုဘဲ ဆိုးသွမ်းနေပါစေ
သူ့သားကို အမြဲ အလိုလိုက်ထားပေမယ့်
ဒီအိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်ရင်တော့
သူ ဝင်‌ရောက်စွက်ဖက်မည်ဖြစ်သည်။

"ဒီပွဲကို လောင်းမယ်လေ
နိုင်ရင် သဘောတူတယ်။
ရှုံးရင်တော့ ဘာမှမလုပ်ချင်သေးဘူး"

ပတ်ဂျီမင်း ဆိုတဲ့ သူ့သား က
လွယ်လွယ်နဲ့တော့ သဘောမတူဘူးဆိုတာ အဖေဖြစ်တဲ့သူကသိတာပေါ့။
အမြဲ အပေး၊အယူ ကစားပွဲ ကစားလိုက်ရမှ ဒီလိုဖြစ်နေတာကိုလည်း သူ သဘောကြတယ်။ အနည်းဆုံးတော့ သူ့ရဲ့သားကလောကနိယာမ သဘောတရားတွေကို ကောင်းကောင်းသိတယ်လေ။

"Ok"

နောက်တစ်နာရီလောက်အကြာမှာ အနိုင်အရှုံးကပြတ်ပြတ်သားသားကို ပေါ်လာခဲ့သည်။
ဂျီမင်း လောင်းတဲ့အသင်းဘက်ကနိုင်သွားသဖြင့် သူ မလုပ်ချင်သေးတဲ့ စေ့စပ်ပွဲကြီးကိုလည်း မလုပ်ရတော့ပါဘူး။
ဂျီမင်း ဆိုတဲ့ အဆိုးအသွမ်းလူဆိုးကောင်လေးက ချည်နှောင်တာတွေကိုမကြိုက်ဘူးလေ ။
ဒါပေမယ့် တစ်ချိန်မှာတော့ အဲ့လူဟာ သူ့ရဲ့ဘဝထဲကို အနှေးနဲ့အမြန် ရောက်လာမှာပါပဲ။

✧Only Your King✧Donde viven las historias. Descúbrelo ahora