part.1(zaw)

995 29 0
                                    

နယ်သာလန်နိုင်ငံ ၊ဗီးနစ်မြို့ရှိ Giethoorn
ရွာလေးဟာ ကမ္ဘာလှည့်
လှည့်ခရီးသွားတွေ အချိန်တိုင်းပြည့်နေတဲ့ နေရာလေးပင်ဖြစ်သည်။

သဘာဝအတိုင်းလှပနေပြီး စက်တပ်ယာဉ်
ဟူ၍ ဆိုင်ကယ်ပင်မရှိသည်အထိ....

ကမ္ဘာလှည့်ခရီးသွားတွေကလည်း
စက်ဘီး၊ လှေစသည်တို့ဖြင့်သာ လည်ပတ်ကြသည်။

တောင်တန်းပတ်ချာလည်ဝိုင်းနေသည့်
နေရာလေးတွင်
နှစ်ထပ်တိုက်ပုလေးရဲ့ အခန်းငယ်
လေးတစ်ခုကို လေပြေနုနုက ပန်းရနံတို့
ဆောင်ကျဉ်းပေးနေသည်။

နွဦေးရဲ့လေပြေနုနုလေးတွေ တချက်ဝေ့ဝိုက်လိုက်တိုင်း အခန်းငယ်လေးရဲ့ပြတင်းတံခါးမှ အဖြူရောင်ပါးလွလွ လိုက်ကာလေးက
တလွင့်လွင့်....

ကျွန်တော့်နာမည်က 'မီယမ်လိုင်း'ဖြစ်ပါတယ်
အသိတော်တော်များများက ကျွန်တော့်ကို'လိုင်လိုင်း' လို့ပဲခေါ်ကြလေ့ရှိပါတယ်

ကျွန်တော့်ချစ်ရသူ မောင် ကတော့ကျွန်တော့်ကို 'လိုင်လိုင်းကို' လို့ခေါ်တယ်

'လိုင်လိုင်း' ကကျွန်တော့နာမည်ဖြစ်ပြီး 'ကို' ဆိုတာလေးက ကိုကို ဆိုတဲ့ချစ်စရာနမ်စားလေးရဲ့အတိုကောက်လေးပေါ့

မောင်ကျွန်တော့်ကိုခေါ်တဲ့ နာမ်စားလေးကို
သိရင်ပဲ မောင် ကျွန်တော့်ကိုဘယ်လောက်ချစ်မလဲစဉ်းစားကြည့်ပါတော့....

"လိုင်လိုင်းကို ဘာတွေလုပ်?"

ပြောရင်းဆိုရင်း ခါးနောက်ကနေသိုင်းဖက်လာတဲ့နွေးထွေးမှုရင်ခွင်ကျယ်ကြီး နဲ့ အမြဲမွှေးနေသည့် လာဗန်ဒါပန်းအနံ့ ကြောင့်
မောင် မှန်းသိလိုက်သည်။

ခပ်တင်းတင်းခါးကိုညစ်ထားတဲ့ မောင့်လက်တစ်စုံက လိုင်လိုင်းကိုလွတ်ပြီးပျောက်သွားမှာစိုးသည့်အလား။

"ဘာမှမလုပ်ပါဘူး မောင်ရဲ့"

"ဟမ်...ဟုတ်လို့လားတခုခုကိုစဉ်းစားနေသလားလို့"

မြေစာပင်လို သူ(Completed)Where stories live. Discover now