part.9(zaw)

290 20 0
                                    

မောင်က အခုတောင်းပန်ပြီးတော့ကို တောင်းဆိုနေတာလား...
အဲ့လောက်ထိသူမက အရေးပါပြီး အခုလိုခဏလေးအတွင်းမှာ မောင့်ကိုဆွဲဆောင်ပြီး
မောင့်ဘဝတစ်ခုလုံးကိုယူခဲ့နိုင်တာလား..

သူမ တော်လို့ပဲလား...အိမ်ထောင်တခုကိုထိန်းသိမ်းရတဲ့ ကျွန်တော်ကညံလို့ပဲလားနည်းမလည်တော့ပါ...

ဒါမှမဟုတ် မောင်ကိုယ်တိုင်ကိုက စိတ်မပါတော့တာလဲဖြစ်မည်။
ပြင်းစရာဒီခန္ဓာကိုယ်က ဒီ၃နှစ်တာလုံး
မောင်ပျင်းတိုင်းကစားခဲ့တဲ့ အရုပ်လားမောင်။

အရင်ကအချစ်ဆိုတာ အခုတော့အပျင်းပြေသက်သက်တခုပေါ့....
သမီးလေးနဲ့ ကျွန်တော်က အဲ့လောက်တောင်
မမြင်နိုင်သည်အထိ အချစ်ကိုရူးသွပ်ခဲ့လို့လား....

"အချစ်စစ်ကိုရှာတွေ့ပြီမို့ အဆုံးရူံးမခံချင်ဘူး
လိုင်လိုင်းကို....ကျေးဇူးပြုပြီးအရင်ကအမှားတွေနဲ့အချစ်လို့ ထင်ခဲ့တာတွေအတွက်တောင်းပန်ပါတယ်...သူမကိုလက်မလွှတ်ပါရစေနဲ့"

တကယ်အခုမှ မောင့်အချစ်စစ်ကိုရှာတွေ့တာပေါ့လေ........ကျွန်တော်ကတော့မောင်နဲ့မှရှာတွေ့ခဲ့တာပါမောင်...
အရင်က အချစ်က အထင်မှားသက်သက်ပဲပေါ့...ဒါဆို ဒီကလူကိုလဲပြန်စဉ်းစားငဲ့ညှာ
ပေးပါအုံးလား.....

"မောင်......လိုင်လိုင်းတခုတောင်းဆိုချင်တယ်"

"လုပ်နိုင်တဲ့အရာဆိုအကုန်အစဉ်သင့်ပါပဲ"

"မောင်လုပ်နိုင်မယ်လို့ထင်ပါတယ်"

မောင့်ကိုအခုပြေညမဲ့စကားတွေက
ကျွန်တျောသိက်ခာတှေ အရှက်တရားတွေနဲ့
လဲလှယ်ပြောရမှာပါမောင်

"မောင်...မောင့်အတွက်သူမက အချစ်စစ်ဆို
ကျွန်တော့်အတွက်မောင်ကလဲအချစ်စစ်ပါ။
မောင်သူမကို လက်လွှတ်မခံချင်သလို
ကျွန်တော်လဲမောင့်ကို လက်လွှတ်မခံချင်ဘူး
ဒါကြောင့်တောင်းဆိုချင်တာတစ်ခုက
မောင့် ဘေးနားက မြေစာပင်လေးအဖြစ်တော့နေပါရစေလားမောင်ရယ်"

မြေစာပင်လို သူ(Completed)Where stories live. Discover now