"မောင် တံခါးသွားဖွင့်ပေးလိုက်ပါအုံး"
သမီးလေးကိုထမင်းကျွေးနေသည်မို့ မီးဖိုခန်း
ထဲကနေ မောင့်ကိုအော်ပြောနေခြင်းပင်ခဏကြာတော့ သမီးလေးကိုထမင်းကျွေးပြီး
အပေါ်ထပ်တက်မလို့ မီးဖိုခန်းကနေထွက်လာလိုက်သည်။"အကို ဆက်ဆက်လာခဲ့နော် ဒါလီ စောင့်နေမယ်"
နားစွန်နားဖျားကြားလိုက်တဲ့ မိန်းကလေးတစ်ယောက်စကားသံ ကခပ်တိုးတိုး
"ဟုတ်ကဲ့ခင်ဗျ ကျေးဇူးပါ"
မောင့်အသံ ခပ်ဝဲဝဲရဲ့အဖြေကြားပြီး တံခါးပြန်ပိတ်သံကြားလိုက်ရသည်မို့ အရေးတယူမလုပ်တော့ပဲ အပေါ်ထပ်သာတက်လာလိုက်သည်။
"လိုင်လိုင်းကို....ဘယ်ရောက်?"
"ရူးးးးမောင်ရဲ့ဒီမှာသမီးလေးစာလုပ်နေတယ်"
မောင်ခေါ်နေသည်မှာ ထမင်းစားရန်ခေါ်နေမှန်းသိသည်ကြောင့်အောက်ထပ်ကိုဆင်းလာလိုက်ပြီး ထမင်းပြင်နေလိုက်သည်။
သပ်သပ်ရပ်ရပ် ဖိထားတဲ့လိုင်လိုင်းဆံပင်လေးတွေပေါ်ကရေစက်လေးတွေက နသယ်စပ်တလျောက်စီးသွားသည်။
အေးစက်စက်ရေစက်လေးတွေက လိုင်းလိုင်း
မျက်နှာပေါ် နေရာယူလေပြီ"မောင်.....ခေါင်းလျော်ပြီးမသုတ်လာဘူးလား"
အနောက်ကနေ သူ့အရပ်ကလန်ကလားနဲ့ အုပ်မိုးထားသည်မှန်းသိသည်ကြောင့် နောက်လှည့်ကြည့်မနေတော့ပါ။
"ဟင့်အင်း...ပင်ပန်းနေပြီလား လိုင်လိုင်းကို"
မောင်ရဲ့ဂရုစိုက်သံကြားရတော့ အတိုင်မသိပျော်ရွှင်မှုကလှိုက်ခနဲ
မောင် မတွေ့အောင် ခေါင်းငုံ့ပြုံးလိုက်ရင်း
ခေါင်းကို တဆက်ဆက်ခါပြလိုက်သည်။"ဒီဘက်လှည့်ပါအုံး ဒီမနက်မျက်နှာလေး
တောင်ပေးမပြဘူးနော်"
YOU ARE READING
မြေစာပင်လို သူ(Completed)
Short Storyအိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထိုလူသားကိုစွန့်လွှတ်လိုက်ပါတော့တဲ့..... ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန် နည်းဟူသည် ရှိပါမည်လော...