"လိုင်လိုင်းကို...."
"ပြောလေ မောင်"
"ခုနကပါလီကပြောတယ် သူဒီဒေသကိုလျောက်လည်ချင်လို့တဲ့"
လိုင်လိုင်းသိလိုက်ပါသည်။
မောင့်စကားတွေဘယ်ဘူတာဆိုက်မလဲဆိုတာကိုပေါ့"မောင်...မနက်ဖြန်ဘာနေ့လဲမှတ်မိရဲ့လား"
မောင်က လက်ချောင်းလေးတွေကိုလိုင်လိုင်းပါးပြင်ပေါ်လာပွတ်သက်ပေးပြီး
"မောင် မမေ့ပါဘူးလိုင်လိုင်းကို မနက်ဖြန်မှ
ပဲမဟုတ်လား...ဒီနေ့သမီးလေးနဲ့နှစ်ယောက်သွားလိုက်လေ နော်"မောင်က ခွင့်တောင်းသလိုပြောပြီး
နားချနေသည်မို့ မောင့်စကားတခွန်းဆို
ထိုတခွန်းက လိုင်လိုင်းကို အရမ်းထိန်းချုပ်နိုင်လွန်းသည်။မောင်နဲ့ပါလီထွက်သွားတော့ အခန်းထဲ
ကနေအပြေးထွက်လာသည့်ယူရီလေးက"ပါပါး...ဒယ်ဒီကအဲ့အန်တီနဲ့ဘာလို့လိုက်သွားတာလဲ...ပါပါးပြောတော့... ဟင့်..ဒယ်ဒီကတိမတည်ဘူး... ဟင့်.ဗြဲ"
အသံကုန်အော်ငိုနေတဲ့သမီးလေးကိုကြည့်ရင်း ကိုယ်ပါဝမ်းနည်းစွာငိုမိသည်။
သမီးလေးကိုရင်ခွင်ထဲထွေးပွေ့ရင်း
အငိုတိတ်သွားတော့မှ အပြင်သွားရန်ပြင်ဆင်ရပါတော့သည်။တနေ့လုံးစျေးဝယ် အထုပ်တွေမနိုင်မနင်း
နဲ့ကြားက သမီးလေးကိုလဲဆွဲထားရသေးသည်။တနေရာပန်းခြံလေးအရောက် ဆွဲထားရတဲ့ အထုပ်တွေကိုချပြီး ပန်းခြံခုံလေးမှာထိုင်နေလိုက်သည်။
အရင်နှစ်တွေကဆို မောင်ပါတော့အရမ်းမပင်ပန်းသလို ပျော်လဲပျော်ရသည်။
အရင်တချိန်က သမီးလေးကိုဂုတ်ပေါ်ထမ်း
ကာဆော့နေသည့် မောင့်ပုံရိပ်လေးတွေ
စက်ဘီးအတူတူစီးကြတဲ့မိသားစု ပုံရိပ်တချို့ကအတွေးထဲတဝဲလည်လည်ဖြင့်
YOU ARE READING
မြေစာပင်လို သူ(Completed)
Short Storyအိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထိုလူသားကိုစွန့်လွှတ်လိုက်ပါတော့တဲ့..... ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန် နည်းဟူသည် ရှိပါမည်လော...