လိုင်လိုင်းတစ်ညလုံး မီးဖိုခန်းထဲက ထွက်မလာသေးပါ။
ဘာလို့လဲဆိုရင် သူကိုယ်တိုင် သမီးလေးနဲ့စားဖို့ မနက်စာပြင်နေသည်ကြောင့်...ဒါက တစ်ညလုံးပြင်ဆင်နေဖို့ထိ လိုအပ်လို့လား?
မနက် ၇နာရီ....သမီးလေးကိုနိုးရမည်ကြောင့်
လက်ထဲက အခွံခွာနေသည့် သစ်တော်သီး
လေးကိုချထားတာ...အပေါ်ထပ်က ပန်းရောင်အိပ်ခန်းငယ်သို့
စောင်ပုံကြားက ဖြူစင်စွာအိပ်နေသည့်
သမီးလေးယူရီကိုတစိမ့်စိမ့်ကြည့်ရင်း
တချက်ပြုံးလိုက်ပြန်သည်။
ဘာကြောင့်မှန်းရယ်မသိနိုင်ပါ။"ယူရီ...သမီးလေး"
တိုးလျလျအသံ အညှင်သာဆုံးလှုပ်နိုးပြီး
ပါးနုနုထက် အနမ်းတချက် ထိကပ်ပေးပြီး"ထတော့...မျက်နှာသစ်ရအောင်လေ"
"..အွန့်...ပါပါးးဒီနေ့ကျောင်းပိတ်တယ်လေ"
သမီးလေးကအိပ်ချင်မူးတူးပြောပြီး
မထသေးသည်မို့
ကောက်ချီလိုက်ပြီး ရေချိုးခန်းတွင်
လိုင်လိုင်းကိုယ်တိုင် မျက်နှာသစ်ပေးလိုက်
သည်။ယူရီလေးကိုလက်ကဆွဲ ပြီးသားဖနှစ်ယောက်အောက်ထပ်ဆင်းလာသည့်အခါ
တိတ်ဆိပ်နေသည့်အိပ်ကြီးထဲ ခြေသံတစ်စုံအသံသည်သာ ကျယ်လောင်စွာထွက်ပေါ်နေသည်။"ပါပါး..ဒယ်ဒီ မရှိဘူးလား"
"အွန်းးးးဒယ်ဒီမရှိတော့ဘူး"
ဖြူဖျော့ဖျော့ လိုင်လိုင်းနှုတ်ခမ်းပါးက
ခြောက်ကပ် အေးစက်စွာ ယူရီအမေးကို
ပြန်ဖြေလာသည်။ထမင်းစားဝိုင်းက စားစဖွယ်တို့ကလည်း
အစုံအလင်ဖြင့်...."ဝါး...ဟင်းတွေအစုံပဲ...ပါပါးစားကြမယ်လေ"
သမီးလေးက ပျော်ရွှင်စွာပြောလာသည်။
"ပါပါးစားပြီးပြီ.....ယူရီစားနော်"
အေးစက်စက်ပြန်ဖြေသည့် လိုင်လိုင်းက
တဖက်ကိုကျောခိုင်းကာ သစ်တော်သီးဆက်ခွာနေသည်။
YOU ARE READING
မြေစာပင်လို သူ(Completed)
Short Storyအိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထိုလူသားကိုစွန့်လွှတ်လိုက်ပါတော့တဲ့..... ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန် နည်းဟူသည် ရှိပါမည်လော...