မနက် ၄နာရီထိုးနေပြီဖြစ်သော်လည်း အခုထိလိုင်လိုင်းအိပ်မပျော်သေးပေ။
ဘေးနားတွင် နှစ်ခြိုက်စွာအိပ်နေသည့် မောင့်မျက်နှာနှနှကို မောင်နိုးသွားမည်စိုးသောကြောင့် မထိရက်မကိုင်ရက်စွာ မော့ကြည့်ရင်း ပါးစပ်ကထွက်မလာသည့်
စကားတချို့ကို ရင်တွင်းပြောမိပါသည်။မောင် ညကအတွက်ကျေးဇူးပါ။...
မောင်ရွှေ့ချီပြီး ကုတင်ပေါ်ပြောင်းသိပ်ပေးလို့
မဟုတ်ရင် လိုင်လိုင်းဇက်တွေနာနေတော့မှာ
ဒါမဲ့ ဇက်နာတာအဆင်ပြေပါတယ်ရင်ဘက်ထဲက တနေရာက နာနေတာတော့ လုံးဝအဆင်မပြေဘူးမောင်...
မောင်သိလား လိုင်လိုင်းညက အိမ်မက်တစ်ခုမက်တယ်.....
မောင်က မိန်းကလေးတစ်ယောက်နဲ့
လိုင်လိုင်းအရှေ့မှာ နမ်းနေတယ်လေ
ဧည့်ခန်းမှာစောင့်နေတဲ့လိုင်လိုင်းကို မမြင်ပဲ
ရူးရူးမူးမူးနမ်းနေခဲ့တာတဲ့....တော်တော်မဖြစ်နိုင်တဲ့အိမ်မက်ပဲနော်။
ဒါမဲ့ တကယ်ဖြစ်နေရင် လိုင်လိုင်းဘယ်လိုလုပ်ရမလဲ မောင်။မောင်က လိုင်လိုင်းအတွက် အချစ်ရဆုံးသော
ဒုတိယလူပါ။ထပ်ပြီးတော့လဲအဆုံးရူံးမခံနိုင်
တဲ့လူပါ။ပြောစရာစကားတွေကို ရင်ထဲမှာသာမျိုသိပ်ရင်း မောင့်ရင့်ခွင်ကျယ်ကြီးထဲ တိုးဝင်သွားလိုက်တယ်။
သစ္စာဖောက်နေတဲ့မျက်လုံးအစုံကို မရမက မှိတ်ချလိုက်တော့ အလိုလိုကျလာတဲ့မျက်ရည်ပူပူတွေက မောင့်ရင်ဘတ်ကိုမသိမသာစိုစွတ်စေမည်မှာအမှန်...
"လိုင်လိုင်းကို....အိပ်မပျော်ဘူးလား"
မောင်နိုးလာသည်ကြောင့် ခေါင်းကို
မောင့်ရင်ခွင်ထဲ တိုးသထက်တိုးငုံ့ထားပြီး
မျက်ရည်တို့ကိုကွယ်ဝှက်ထားမိသည်။"အိမ်မက် မက်နေတာလား အိပ်အိပ်"
အိမ်မက်ယောင်နေသည်အထင်နဲ့ မောင်က
ပုခုံးလေးကိုပုက်ကာပြန်သိပ်ရှာသည်။
YOU ARE READING
မြေစာပင်လို သူ(Completed)
Short Storyအိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထိုလူသားကိုစွန့်လွှတ်လိုက်ပါတော့တဲ့..... ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန် နည်းဟူသည် ရှိပါမည်လော...