part.7(uni)💙

525 45 0
                                    

ဒီနေ့ မောင်ကလဲမအားသည်မို့ သမီးလေးကို
ကိုယ်တိုင်ကျောင်းပို့ပေးပြီး
စင်တာတခုတွင် စျေးဝင်ဝယ်နေလိုက်သည်။

မိသားစုအကျီဆိုင်လေးထဲက အကျီအပြာနုနု
လေးတွေကိုကြည့်ရင်း ဆိုင်ထဲဝင်မွှေနေလိုက်သည်။

"အကို မိသားစုလိုက်ဝတ်မလို့လားရှင့်?"

အရောင်းဝန်ထမ်းကောင်မလေးကလာမေးရှာသည်။

"ဟုတ်တယ်ညီမ အကိုတို့မိသားစု၃ယောက်စာလိုချင်လို့ ဒီအပြာနုလေးထဲကပဲလိုချင်တာ"

"ဟုတ်ကဲ့ အကို့အမျိုးသမီး နဲ့ ကလေးကဘယ်အရွယ်လောက်ဝတ်တတ်လဲ တချက်
ပြောပြပေးနော်"

"အကို့ ယောက်ကျာ်းပါဗျ အကို့ထက်၂ဆိုဒ်လောက်ကြီးတာလေးဆို တော်လောက်တယ်
သမီးလေးက အသက်၅နှစ်ကျော်ပြီဗျ"

"အယ် အကို sorryနော်"

ထိုကောင်မလေးက တအံတသြတောင်းပန်လာပြီး သူ့အနောက်က ကောင်မလေးကို
သူတို့ဘာသာစကားနဲ့ ကျွန်တော်မုန်းတဲ့ စကားလုံးတချို့ကို မဲ့ရွဲပြော​နေသည်။

နယ်သာလန်မှာ နေတာ၃နှစ်နီးပါးရှိမည်မို့ ဒေသစကားတော့နားလည်သင့်သလောက်တတ်ပါသည်။
သူတို့ပြောတဲ့စကားလုံးက

"ဟဲ့ အခြောက်ဟဲ့ လင်တောင်ရှိတယ်တဲ့တော်"

ထိုစကားလုံးတို့က ကြားနေကြပေမဲ့
လိုင်လိုင်းအတွက် အမြဲလိုလိုအသစ်ဖြစ်နေတတ်သည်။

လူတိုင်းကဲ့ရဲ့ကြသည်ဆိုသော်လည်း
ဒီဒေသတွင်ပိုဆိုးလို့ကန့်ကွက်ရွံမုန်းကြသည်။

ခဏနေတော့ ထိုဝန်ထမ်းကောင်မလေးက ပြန်လှည့်လာပြီး

"တခြားနေရာသွယ်ဝယ်ပါလား ပစ္စည်းက gayတွေအတွက်မလာဘူး"

လေသံပါ ပြောင်းသွားပြီး ပြောလာသည်မို့
ဒီဆိုင်က သူတို့ကိုမလိုမှန်းသိသာသည်။

မောင်မပါတော့ တစ်ယောက်ထဲကြားနေ
ရသည့်ပတ်ဝန်းကျင်ရဲ့ပြောစကားတွေကြား
အားငယ်မိပါသည်။

မြေစာပင်လို သူ(Completed)Where stories live. Discover now