"ပါပါး..အဆင်ပြေရဲလားဟင်..ခုနကဘာဖြစ်တာလဲ"
"ပါပါးအဆင်ပြေပါတယ် ကလေးရယ်"
လိုင်လိုင်း ပါးပြင်ကို ဖိတွေ့ရင်း စိတ်ပူစွာမေးလာတဲ့ ကလေးငယ်ကြောင့် အရင်ကလိုဂရုမစိုက်တော့တဲ့မောင့်ကို ပြန်တွေးရင်းစိတ်နာမိသည်။
"ပါပါးဘာလို့လာမကြိုတာလဲဟင်"
"ပါပါးမေ့သွားလို့ပါကွယ်"
မျက်နှာရိပ်မျက်နှာကဲကြည့်တတ်သည့် သမီးလေးက ေမးခွန်းတခုစီကိုသေချာမေးနေသည်မို့ဖြေရခက်လှသည်။
"သမီးရယ် နောက်တခါမဖြစ်စေရပါဘူး ပါပါးကတိပေးပါတယ်"
ယူရီလေးကို ရင်ခွင်ထဲထည့်ကာ ထပ်ခါငိုကြွေးမိပြန်သည်။
အော်....ပျော့ညံလိုက်တဲ့ငါပါလား
မုန်းလိုက်တာ မျက်ရည်တွေရယ်......ထိုနေ့ညက အခန်းငယ်လေးတွင်းက သားဖနှစ်ယောက်က မျက်ရည်မိုးတွေရွာနေချိန်
တဖက်မှာတော့ အချစ်မိုးရွာသွန်းဖြိုးနေကြသည့် မိန်မနဲ့ယောက်ကျာ်းတစ်ယောက်ရှိနေ၏။ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန်
နည်းဟူသည် ရှိပါမည်လော....
ထိုကံတရားကို တရားစွဲရန် ရှေ့နေကောင်းတစ်ယောက်လောက် လိုချင်မိပါသည်။..................................................................
ငါမပိုင်ဆိုင်ရတဲ့မောင့် ကို ဘယ်သူမှ ပိုင်ဆိုင်ခွင့်မရစေရဘူး....
ထိုနေ့ညက ပါလီ ရေချိုးနေသည်။
မောင် အပြင်ထွက်သွားသည့်အခိုက်အတန့်
လေးပေါ့...လိုင်လိုင်းတယောက်
သမီးလေးကို စောင်ခြုံပေးကာသေချာအိပ်စေပြီး အောက်ထပ်က ရေသံ ကျရာဆီသို့...လက်ထဲက ပန်းသီးနွာ ဓားထက်ထက်လေးကိုလဲ တင်းကြပ်စွာဆုပ်ကိုင်ထားသည်။
တဒေါက်ဒေါက် ဆင်းလာတဲ့ခြေသံတွေက
တခုခုကို သတိပေးနေသလို...
YOU ARE READING
မြေစာပင်လို သူ(Completed)
Short Storyအိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထိုလူသားကိုစွန့်လွှတ်လိုက်ပါတော့တဲ့..... ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန် နည်းဟူသည် ရှိပါမည်လော...