မနက်ဖြန် မောင်နဲ့လိုင်လိုင်းတို့ရဲ့
3 years anni
ဖြစ်တာကြောင့် ခါတိုင်းလို အိမ်မှာပဲ
မိသားစုလိုက်လေးမုန့်လုပ်စားပါမည်။မနက်ဖြန်ဆိုတော့ဒီနေ့ကြိုဝယ်ထားစရာတွေပေါသည်မို့ မောင်နဲ့အတူ စျေးဝယ်ထွက်မည်ဟုစဥ်းစားထားသည်။
"မောင်...ကုတင်ပေါ်မှာအကျီထုတ်ပေးခဲ့တယ် ရေချိုးပြီးရင်ဆင်းခဲ့နော်"
ရေချိုးခန်းတံခါးကိုခပ်ဖွဖွခေါက်ပြီး
ပြောလိုက်သည်။သမီးလေးကိုအိပ်ရာနိူးပြီး ပြင်ဆင်ပေးရပါမည်။
မိသားစုလိုက် ပျော်ပျော်ကြီးစျေးသွားဝယ်
မုန့်တွေအတူတူစား ပြီးမှအိမ်ပြန်လာ
မည်ဟုစဥ်းစားထားသည်။ကုတင်နဲ့ စောင်ပုံကြားအိပ်နေသည့် သမီးလေးယူရီ ကသူ့အမေနဲ့တူသည့် အမေတူသမီးလေးပင်
သို့သော် သူ့အမေလိုအောက်တန်းမကျအောင်တော့ ကျွန်တော့်မှာတာဝန်အပြည့်ရှိသည်မဟုတ်ပါလား။သူ့ပါပါးဖြစ်တဲ့ကျွန်တော်ကိုဆို ပါးစပ်ကမချ
မျက်စိအောက်ကအပျောက်မခံလောက်အောင်ချစ်သလို
သူ့ဒယ်ဒီဖြစ်သည့် မောင့်ကိုလဲခင်တွယ်သည်။ငယ်ငယ်ထဲက အမေဆိုတာဘာမှန်းမသိမွေးဖွားလာခဲ့တဲ့ သမီးလေးယူရီကို သနားမိပါသည်။
အရာရာက သူ့အမေအပစ်တွေပဲမဟုတ်ပါလား။
အခုတော့ခင်တွယ်စရာမိဘဆိုလို့
သူ့ပါပါးနဲ့ဒယ်ဒီသာ အဖေအဖြစ်တလဲအမေအဖြစ်တလဲ သမီးလေးအားမငယ်အောင်
စောင့်ရှောက်ပေးနေရသည်။အိပ်နေတဲ့သမီးလေးပါးကိုဖွဖွနမ်းရင်း
နီရဲဖြူဖွေးနေသည့် လက်ချောင်းသွယ်သွယ်လေးတွေကို ကိုင်ကာ နိူးလိုက်သည်။မဖွင့်ချင်ဖွင့်ချင်အိပ်မှုန်စုပ်ဖွားနဲ့ ပွင့်လာတဲ့မျက်လုံးကြည်တောက်တောက်လေးတွေက
အခန်းထဲကျနေတဲ့ နေရောင်စူးလို့ထင်ပါရဲ့
ချင်ချင်း ရူံ့မဲဲပြီး ပြန်ပိတ်သွားသည်။"ယူရီ ..သမီးထတော့ "
"အွန်း ကျောင်းပိတ်တယ်လေပါပါး
မထချင်ဘူး ဆို"
YOU ARE READING
မြေစာပင်လို သူ(Completed)
Short Storyအိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထိုလူသားကိုစွန့်လွှတ်လိုက်ပါတော့တဲ့..... ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန် နည်းဟူသည် ရှိပါမည်လော...