part.15(Extra)uni💙

1K 58 8
                                    

လိုင်လိုင်းရေချိုးခန်းထဲတွင် ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်ကမောင်က လိုင်လိုင်းကိုစိုက်ကြည့်နေသည်ကြောင့်

"မောင်...မဂ်လာပွဲမသွားသေးဘူးလား
ညနေရောက်နေပြီ"

"လိုင်လိုင်း..လိုက်ခဲ့ရင်သွားမယ်"

"မောင်....သမီးလေးရှိတယ်လေ"

"သူငယ်ချင်းအိမ်မှာထားခဲ့မယ် သူငယ်ချင်းရဲ့ သားလေးကယူရီနဲ့ရွယ်တူပဲ သူတို့အဖော်ရမှာပါ"

မောင်က လိုက်စေချင်လွန်းလို့ နောက်ကျခံစောင့်နေပေးသည်။
အခုလဲ နှစ်ယောက်ထဲသွားချင်လို့ သမီးလေးကိုတောင် သူ့ သူငယ်ချင်းအိမ် ပို့ထားမည်ဆိုပဲ...

"ပြီးရော....လိုက်မယ်စောင့်နေနော်ကြာမှာ"

"စောင့်နိုင်ပြီးသား....ဘယ်လောက်ကြာကြာစောင့်နေမှာ"

မောင့်စကားတို့က လိုင်လိုင်းကို ဘယ်လိုဖြစ်ဖြစ်လှုပ်ခါစေသည်မို့...မောင့်ရင်ခွင်ကို
တချက်ထုကာ မျက်စောင်းထိုးလိုက်သည်။

........................................................................

"သမီးလေး.လိမ္မာအောင်နေနော်"

"ဟုတ်ကဲ့ ပါပါး"

"လာ ဖက်ပါအုံး"

သမီးလေးကို တင်းကျပ်ကျပ်ဖက်လိုက်ပြီး
ပန်းရနံသင်းတဲ့ ဆံပင်နုနုလေးတွေကို
ငုံနမ်းလိုက်သည်။

"လိုင်လိုင်းကို သွားကြမယ် နောက်ကြနေပြီ
ယူရီ...ဒယ်ဒီတို့ ခဏနေပြန်လာခေါ်မယ်နော်"

"ဟုတ်ပါပါး"

"သူငယ်ချင်း.သမီးလေးကိုထိန်းပေးထားပါအုံး...စိတ်ချမယ်နော်bye"

"ယူရီ ပါပါးတို့သွားပြီbye မွ...."

သမီးလေးကိုနှုတ်ဆက်ပြီး စက်ဘီးလေးရဲ့ လွှတ်နေတဲ့ ထိုင်ခုံလေးမှာ ထိုင်ပြီး
အိမ်မက်ထဲမှာမပိုင်ဆိုင်ရတဲ့မောင့် ခါးကို
တင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

မြေစာပင်လို သူ(Completed)Where stories live. Discover now