part.5(uni)💙

540 43 0
                                    

ညက တစ်ညလုံးနီးပါး မောင်နဲ့စကားပြောရင်း ရီမောနေဖြစ်သည်ကြောင့် ဒီမနက်
မထနိင်တော့ပါ။

လက်ဖဝါးသေးသေးနုနုလေးတစ်ခုက
လိုင်လိုင်းပါးပေါ်
ထိတွေ့လာပြီး လာနိူးနေသည်။

"ပါပါး...ထတော့...ထတော့"

"ဟင်....ယူရီနိူးပြီလား"

လိုင်လိုင်းအိပ်ရာနိုးလာတော့ ဘေးကမောင်ကမရှိတော့ပါ။

ဖုန်းဖွင့်ကြည့်မိတော့ မောင်ပို့ထားတဲ့
Messageလေးတွေတန်းစီလို့
အပြုံးလှလှလေးကို နှုတ်ခမ်းပါးထက် ချိတ်ဆွဲပြီး အသဲပုံလေးကိုနိုပ်ကာပြန်ပို့လိုက်သည်။

မောင်ကပြောတယ်...သူ့ကိုချစ်ပါ ယုံကြည်ပေးပါတဲ့လေ....

အိပ်ရာနိူးတော့ မနက်၉နာရီပင်ဖြစ်လို့နေပြီ
မနေ့ကဝယ်ထားတာတွေအတွက် ပြင်ဆင်ရ
မည်ကြောင့်် မြန်မြန်သာပြင်ဆင်ပြီး
ထမင်းစားခန်းသို့....

"ပါပါး....ယူရီဗိုက်ဆာတယ်"

စိတ်တွေအရမ်းလောနေလို့ထင်သည်
မနက်စာစားဖို့ပင်မေ့နေသည်အထိ

"ပါပါး...ကျွေးမယ်နော် ယူရီခုံမှာထိုင်စောင့်နေ"

ယူရီကို မနက်စာပြင်ဆင်ကျွေးပြီး
တာနဲ့ မောင်ညကျပြန်လာရင် မိသားစု
ညစာလေးအတူစားပြီး ပျော်ကြမည်ဟု
အတွေးနဲ့တင် တော်တော်ပျော်နေမိသည်။

ယူရီလေးကို စာပြလိုက် မီးဖိုခန်းထဲအပြေးဝင်လိုက်ဖြင့် မမောအား မပန်းအားပါ။

မလုပ်တတ်လုပ်တတ် လိုင်းပေါ်ကရှာ
ထားသည့် ချက်နည်းပြုတ်နည်း
တို့ကိုလဲပြင်ထားသည်။

မောင့်အကြိုက် ပန်ကိတ်လဲလုပ်ထားသေး
သည်မို့ မောင့်ချီးကျူးစကားကို
ကြားချင်လှပါပြီ။
မြန်မြန်မိုးချုတ်ရန်သာစောင့်နေမိသည်။

နေ့လယ် ၂နာရီ...... မောင်ပြန်လာဖို့အချိန်ပိုင်းသာလိုတော့သည်။

မြေစာပင်လို သူ(Completed)Where stories live. Discover now