"လိုင်လိုင်းကို....ဘာဖြစ်တာလဲ"
"ဟင့်အင်း...အားးးးးး"
မျက်လုံးထိဝင်လာသည့် အလင်းရောင်စူးစူး
နဲ့ ရင်းနှီးနေကျ ရေမွှေးနံကြောင့် တခုခုပင်မှားနေသလို...."လိုင်လိုင်းကို... အဆင်ပြေရဲ့လား"
ကြားလိုက်ရသည့် အသံနဲ့ စိုးရိမ်ဖွယ်မေးလာသည့်တစ်စုံတစ်ယောက်ရဲ့အသံကြောင့်ဘေးကိုကြည့်မိတော့......မောင်......
"ဟင်...မောင်..မောင်လား...မောင်လိုင်လိုင်းကို လာကယ်ခဲ့တာလား..ဟင့်"
မောင့်ကို ထိုင်ရက်ကနေဖက်လိုက်ပြီး ငိုနေမိသည်ကြောင့် မောင့် လက်တို့က လိုင်လိုင်း
ပုခုံးကိုဖက်ကာနှစ်သိမ့်လာသည်။"လိုင်လိုင်းကို အိမ်မက်ဆိုးတွေမက်တာလား"
"ဟင့်....အိမ်..အိမ်မက်ဆိုး?"
ထူးဆန်းစွာ အိမ်မက်ဆိုးဟူသည့်စကားနဲ့
မိမိပါးကိုပြန်လိမ်ဆွဲကြည့်မိသည်။"ဘာဖြစ်လို့လဲ"
"ဘာကိုလဲ လိုင်လိုင်းကို"
"ဟမ်??"
မောင်နားမလည်သလို အခုထိ လိုင်လိုင်းလဲနားမလည်နိုင်သေးပါ။
"လာ ထတော့ နေ့ခင်းကြောင်တောင်ကြီးအိပ်နေပြီးတော့ ညနေကြရင် မောင် မဂ်လာပွဲသွားရအုံးမှာ အခုအကျီလာရွေးပေး"
ထိုအခါမှပြန်စဥ်းစားမိသည်ကာ
ဖုန်းထဲက dateကိုကြည့်လိုက်သည်။"Anniရောက်ဖို့၃ရက်လိုသေးတယ်လား"
လိုင်လိုင်းကိုခဏလေးအိပ်ပျော်သွားသည်ထင်ပါရဲ့...
မောင်မနက်ရေချိုးလို့လျှော်ထားသည့်ဆံပင်တွေတောင် မခြောက်သေးတာကိုကြည့်ရင်သိသာသည်။မောင့်ကို အကျီရွေးပေးရန်သွားလိုက်ပြီး ဘီရိုထဲက အကျီအသစ်တစ်ထည်ကိုထုပ်
ပေးလိုက်သည်။
YOU ARE READING
မြေစာပင်လို သူ(Completed)
Short Storyအိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထိုလူသားကိုစွန့်လွှတ်လိုက်ပါတော့တဲ့..... ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန် နည်းဟူသည် ရှိပါမည်လော...