လိုင်လိုင်းအခုထိအိမ်ပြန်မရောက်သေးပါ။
တချိန်ချိန်ဖြစ်လာမဲ့ ပြသနာကို အခုတော့ရှောင်ပြေးနေမိသည်။တော့ပူကီဆိုင်ကထွက်လာပြီး
ပန်းခြံကထိုင်ခုံလေးမှာ ထိုင်နေမိသည်မှာညနေ၅နာရီပင်ဖြစ်လို့နေပြီ...ထိုမှသာသမီးလေးကိုသတိရပြီး
စက်ပိတ်ထားသည့်ဖုန်းကိုဖွင့်ကာ
ကျောင်းကိုဖုန်းဆက်ကြည့်လိုက်တော့ သူ့ဒယ်ဒီနဲ့ပြန်သွားသည်ဟုသိရသည်ကြောင့် တော်ပါသေးသည်။သို့သော်သတိမထားမိလိုက်သည်က
မောင်ဆိုတဲ့ အနီရောင် missed call တွေက
တစ်သီတတန်းကြီးပင်"ဟူး..မောလိုက်တာ..အာ ဒီမှာထိုင်လို့ရမလားဗျ"
"ဟုတ်ကဲ့..ရပါတယ်"
ငူငူငိုင်ငိုင်ထိုင်နေသည့် လိုင်လိုင်းအနား
Bodyတောင့်တောင့်နဲ့ အားကစားဝတ်စုံဝတ်ထားသည့် လူတစ်ယောက်လာထိုင်သည်။"မင်းက ကိုရီးယားလား?"
"အာ...ဟုတ်ပါတယ်"
"ဒီမှာနေတာလား?"
"ဟုတ်ကဲ့"
ထိုလူက စကားစကာ မိတ်ဖွဲ့လာသည်မို့အလိုက်သင့်ပြန်ဖြေနေလိုက်သည်။
ပန်းခြံ ထဲက ထိုင်ခုံလေးဖြစ်လို့ နှစ်ယောက်
တတွဲထိုင်နေသလိုလိုထင်ရသည်။"သိပ်ပျော်နေကြတာလား..လိုင်လိုင်းကို"
ထိုစဥ် ရင်းနှီးနေသည့်အသံပိုင်ရှင်
ပြောရရင်မောင့် အသံသြသြ ကိုအနောက်ကကြားလိုက်ရသည်။
ပိုသေချာသွားသည်က လိုင်လိုင်းကို ဟူသည့်နာမ်စား ကိုတင်းမာစွာ အံကြိတ်ပြောလိုက်ခြင်းပင်..လက်ကနေစောင့်ဆွဲခြင်းခံလိုက်ရသည်ကြောင့် လူကမိုက်ခနဲပင်ဖြစ်သွားရသည်။
"သမီး ကိုတောင်မေ့တဲ့အထိလား"
"မောင်........မောင်လာခေါ်ပြီ...မောင်လွမ်းနေခဲ့တာ"
YOU ARE READING
မြေစာပင်လို သူ(Completed)
Short Storyအိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထိုလူသားကိုစွန့်လွှတ်လိုက်ပါတော့တဲ့..... ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန် နည်းဟူသည် ရှိပါမည်လော...