မောင်က အခုတောင်းပန်ပြီးတော့ကို တောင်းဆိုနေတာလား...
အဲ့လောက်ထိသူမက အရေးပါပြီး အခုလိုခဏလေးအတွင်းမှာ မောင့်ကိုဆွဲဆောင်ပြီး
မောင့်ဘဝတစ်ခုလုံးကိုယူခဲ့နိုင်တာလား..သူမ တော်လို့ပဲလား...အိမ်ထောင်တခုကိုထိန်းသိမ်းရတဲ့ ကျွန်တော်ကညံလို့ပဲလားနည်းမလည်တော့ပါ...
ဒါမှမဟုတ် မောင်ကိုယ်တိုင်ကိုက စိတ်မပါတော့တာလဲဖြစ်မည်။
ပြင်းစရာဒီခန္ဓာကိုယ်က ဒီ၃နှစ်တာလုံး
မောင်ပျင်းတိုင်းကစားခဲ့တဲ့ အရုပ်လားမောင်။အရင်ကအချစ်ဆိုတာ အခုတော့အပျင်းပြေသက်သက်တခုပေါ့....
သမီးလေးနဲ့ ကျွန်တော်က အဲ့လောက်တောင်
မမြင်နိုင်သည်အထိ အချစ်ကိုရူးသွပ်ခဲ့လို့လား...."အချစ်စစ်ကိုရှာတွေ့ပြီမို့ အဆုံးရူံးမခံချင်ဘူး
လိုင်လိုင်းကို....ကျေးဇူးပြုပြီးအရင်ကအမှားတွေနဲ့အချစ်လို့ ထင်ခဲ့တာတွေအတွက်တောင်းပန်ပါတယ်...သူမကိုလက်မလွှတ်ပါရစေနဲ့"တကယ်အခုမှ မောင့်အချစ်စစ်ကိုရှာတွေ့တာပေါ့လေ........ကျွန်တော်ကတော့မောင်နဲ့မှရှာတွေ့ခဲ့တာပါမောင်...
အရင်က အချစ်က အထင်မှားသက်သက်ပဲပေါ့...ဒါဆို ဒီကလူကိုလဲပြန်စဥ်းစားငဲ့ညှာ
ပေးပါအုံးလား....."မောင်......လိုင်လိုင်းတခုတောင်းဆိုချင်တယ်"
"လုပ်နိုင်တဲ့အရာဆိုအကုန်အစဥ်သင့်ပါပဲ"
"မောင်လုပ်နိုင်မယ်လို့ထင်ပါတယ်"
မောင့်ကိုအခုပြေညမဲ့စကားတွေက
ကျွန်ေတာ်သိက္ခာတွေ အရှက်တရားတွေနဲ့
လဲလှယ်ပြောရမှာပါမောင်"မောင်...မောင့်အတွက်သူမက အချစ်စစ်ဆို
ကျွန်တော့်အတွက်မောင်ကလဲအချစ်စစ်ပါ။
မောင်သူမကို လက်လွှတ်မခံချင်သလို
ကျွန်တော်လဲမောင့်ကို လက်လွှတ်မခံချင်ဘူး
ဒါကြောင့်တောင်းဆိုချင်တာတစ်ခုက
မောင့် ဘေးနားက မြေစာပင်လေးအဖြစ်တော့နေပါရစေလားမောင်ရယ်"
YOU ARE READING
မြေစာပင်လို သူ(Completed)
Short Storyအိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထိုလူသားကိုစွန့်လွှတ်လိုက်ပါတော့တဲ့..... ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန် နည်းဟူသည် ရှိပါမည်လော...