part.11(uni)💙

564 41 0
                                    


ဒီမနက်စောစောနိုးနေသည့်မျက်လုံးကြောင့်
အိမ်အပြင်ဘက်ကိုကြည့်မိတော့ တဖွေးဖွေး
ကျစပြုနေတဲ့ နှင်းမှုန်ဖြူဖြူတို့က အချိန်တွေ
မြန်ဆန်စွာကူးပြောင်းနေကြောင်း ပြနေသည်။

အော် လူတွေလူတွေ အချိန်ဆိုတာကြီးကို
မကြောက်မရွံ ယုံစားချစ်နေကြသည်ပဲ
အစဥ်သင့်ရှိနေသည့် ကော်ဖီအေးစက်စက်
ကိုယူကာ...
နှုတ်ခမ်းထက်တေ့ပြီးသောက်ရင်း
ပြတင်းပေါက်လိုက်ကာလေးကို ဆွဲဖွင့်လိုက်
သည်။

ထွက်စပြုရန်ပြင်နေသည့် နေမင်းကြီးကို
မြေပြင်ပေါ်က နှင်းမှုန်လေးတွေက ဒူးထောက်ခစားလို့နေပြီ....

နေမင်းကြီး ထွက်လာတာနဲ့ ချက်ခြင်းကွယ်ပျောက်သွားပေးရမည့် နှင်းမှုန်လေးတွေက ခေတ္တမျှ ခိုကပ်နေခွင့်ပေးရန် အသနားခံနေသည်။

ထိုမြင်ကွင်းလှလှက လိုင်လိုင်း လက်က
မွှေးညှင်းနုလေးတွေကို ထောင်ထသွားသည်အထိ ကြက်သီးထစေသည်။

အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်ကလည်း ခိုကပ်နေရဖို့ ဒူးထောက်ခွင့်တောင်း
နေခဲ့သည်မဟုတ်လား.....

လိုင်လိုင်းမျက်ဝန်းညိုညိုက အေးစက်စက်ပတ်ဝန်းကျင်ကို ငေးကြည့်ကာ
သူ့နှလုံးသားသည်လဲ အေးစက်လို့....

လက်ထဲကကိုင်ထားတဲ့ ကော်ဖီအေးစက်စက်ကို သောက်ရင်း
ပူနွေးခဲ့တဲ့သူ့နှလုံးသားတစ်ခုဟာလဲ
ထိုကော်ဖီခွက်လေးကဲ့သို့ အေးစက်လျက်

ထိုကော်ဖီအေးစက်စက်ကို ပြန်နွေး
မသောက်ချင်တော့ပါ။

..........................................................

ယူရီလေးကို ကျောင်းလိုက်ပို့ပေးပြီး အပြန်တော့ နေ့လည်စာအတွက် ကော်ဖီဆိုင်မှာသာ
ကော်ဖီခါခါး တစ်ခွက်မှာသောက်ပြီး
မျက်လုံးထောင့်တနေရာ ကရင်းနှီး နေတဲ့
ပုံရိပ်လေးက.... မောင်

ဆိုင်ရဲ့ ထောင့်ကျကျနေရာက ထိုစုံတွဲ
ပြောရရင် မောင်နဲ့ ပါလီ လူကြားသူကြာယမရှောင် ပလူးနေကြခြင်းပင်...

မြေစာပင်လို သူ(Completed)Where stories live. Discover now