မနက်အိပ်ရာနိုးနိုးချင်း ကုတင်ခြေရင်းမှာတွေ့လိုက်ရသည်က...
ကျွန့်တော့်လမ်းမီးအိမ်လေး ေမာင်...
"အမလေး...မောင်လန့်လိုက်တာ"
"Sorry လိုင်လိုင်း"
အခန်းထဲရောက်နေတဲ့မောင့် ကိုတွေ့လိုက်ရသည်ကြောင့်အံသြစွာမေးလိုက်မိသည်။
"မောင် အခန်းထဲဘယ်လိုလုပ်"
"အဟက်..တမျိုးတော့မထင်ပါနဲ့ ပါလီအိပ်နေတဲ့အချိန်သက်သက်လာတာ ကိစ္စက
အရင်က လက်မှတ်ထိုးခဲ့တဲ့စာချုပ်ကို
အခုစာချုပ်အသစ်နဲ့ပြန်ဖျက်ချင်လို့လေ"အော်မောင်ရယ် ပါလီကြောင့်နဲ့အခုလိုအိပ်ရေးအပျက်မခံတတ်တဲ့ မောင်က အခုအိပ်ရေးပျက်ခံပြီး ဒီကိစ္စကို လာပြောတာလား....
"ရော့....ကျွန်တော်ကတော့လက်မှတ်ထိုးပြီးသွားပြီခင်ဗျားပဲကျန်တော့တာ ....အဟက် လက်မှတ်ထိုးရုံပါပဲ မပင်ပန်းဘူးမို့လား
မြေစာပင်လေးရဲ့....ဟားဟားဟား"မောင့် လက်မှတ်လေးက ဒီစာရွက်လေးပေါ်က စည်းမျည်းတွေအောက် နေရာယူနေသည်ကို လိုင်လိုင်းငြိမ်သက်စွာကြည့်နေမိသည်။
"အချိန်မရဘူး မြန်မြန်လုပ်....."
မောင်ပြောတဲ့စကားတွေကိုလျစ်လျှူရူပြီး
မသိလိုက်ချိန်မှာပဲ လိုင်လိုင်း မျက်ရည်
တချို့နဲ့ လက်မှတ်လေးက စာချုပ်လေးပေါ်တွင်နေရာယူလျှက်..."ကျေးဇူးပဲ တရွက်ယူသွားပြီ"
မောင်ကပြောပြီးတာနဲ့ လိုင်လိုင်းလက်ထဲက စာချုပ်လေးကိုဆွဲယူသွားပြီး ပြန်သွားသည်။
အခုဆိုရင်တော့ ၃နှစ်ပြည့်ခါစ အိမ်ထောင်ရေးလေးတစ်ခုက လက်မှတ်လေးထိုးလိုက်တဲ့ တခဏလေးအတွင်း ပျက်စီးသွားရပါပြီ...
ကွာရှင်းပြတ်စဲကြောင်းစာရွက်လေးကို
လုံးခြေကာ ဘေးကအမှိုက်ပုံးထဲသို့...
YOU ARE READING
မြေစာပင်လို သူ(Completed)
Short Storyအိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထိုလူသားကိုစွန့်လွှတ်လိုက်ပါတော့တဲ့..... ဘက်လိုက်တဲ့ကံတရားကို ပြန်ပြောင်းရန် နည်းဟူသည် ရှိပါမည်လော...