Unicode
March,
ဆောင်းရဲ့အငွေ့အသက်တွေကုန်ဆုံးပြီး နွေဦးကိုရောက်လာခဲ့လေပြီ။ မပူလွန်းမအေးလွန်းသည့်အတွက် အတော်နေလို့ကောင်းသည့် ရာသီဥတုပင်။ ပန်းရောင်စုံတွေ ပွင့်သည့်ရာသီမို့ ပတ်၀န်းကျင်အနေအထားကလည်း အလွန်လှသည့် နွေဦးပင်ဖြစ်သည်။ မတ်လရောက်ပြီမို့ တက္ကသိုလ်အသီးသီးရဲ့ စာသင်နှစ်တွေလည်း စတင်ပြီဖြစ်သည်။ အလွန်လှသည့် နွေဦးရာသီအစ တက္ကသိုလ်ရဲ့ စာသင်နှစ်အစလည်းဖြစ်တာမို့ ကျောင်းသူ ကျောင်းသားတိုင်း စိတ်လှုပ်ရှား ပျော်ရွှင်ကြသည့် အချိန်ဖြစ်သည်။
ဒီနေ့ ကျောင်းစတက်ရမည့်နေ့မို့ မနက်စောစောထနိုင်ရန်အတွက် ညက ကြိုတင်ပေးထားသည့် နှိုးစက်သံကြောင့် ကင်ထယ်ယောင်း နိုးလာသည်။ ညက ညဥ့်နက်မှ အိမ်ပြန်ရောက်တာကြောင့် အိပ်ယာ၀င်လည်း နောက်ကျခဲ့သည်မို့ အိပ်ယာမှမထချင်သေး။ မထလျှင်လည်း မဖြစ်သည်မို့ လေးတွဲစွာ ထလာခဲ့သည်။
အိပ်ရေးမ၀တာကြောင့်ရော ညက နည်းနည်းသောက်ခဲ့တာကြောင့်ပါ ခေါင်းထဲက တစ်ချက်တစ်ချက် ထိုးကိုက်သည်။ ထယ်ယောင်းက အရက်မသောက်နိုင်တာမို့ ပုံမှန်ဆိုသောက်လေ့မရှိ။ မနေ့ညကတော့ သူငယ်ချင်းတစ်ယောက်သောက်တာကြည့်ပြီး သောက်ချင်လာတာကြောင့် အနည်းငယ်သောက်မိသည်။
"ကျစ် ခေါင်းကလည်း ကိုက်လိုက်တာ...ကျောင်းကလည်း သွားရဦးမယ်..."
ထိုးကိုက်နေသည့် နားထင်နှစ်ဖက်ကို လက်ဖနောင့်နှစ်ခုဖြင့် ဖိချေပစ်လိုက်သည်။
"ရေချိုးလိုက်ရင်တော့ လန်းသွားမယ်ထင်တာပဲ" ဟု ရေရွတ်ကာ bathrobe၀တ်ကာ ရေချိုးခန်းသို့၀င်လိုက်သည်။
ကပိုကရိုဖြစ်နေသည့် လှိုင်းတွန့်ဆံပင်လေးတွေက မကျဥ်းမကျယ် နဖူးပေါ်ဝဲကျလျက်ရှိသည်။ မျက်ခုံးတန်းတန်းနှင့် ထိုမျက်ခုံးအောက်က မျက်၀န်းနက်တွေဟာ ညှိ့ဓါတ်အပြည့်ပါသည့် မျက်၀န်းစူးစူးတွေ။ ဖြောင့်တန်းပြီး စင်းနေတဲ့ ခပ်မြင့်မြင့်နှာတံဟာ ကင်ထယ်ယောင်းရဲ့ မျက်နှာပြီးပြည့်စုံဖို့အတွက် အဓိကအထောက်အကူပင်။ ထိုနှာတံ မြင့်မြင့်ရဲ့ ထိပ်ဖျားအောက်ဖက်နားက ညာဘက်ကို ခပ်သာသာ ပိုရောက်နေတဲ့ မှဲ့နက်ငယ်လေးက မြင်ရသူတွေကို အသည်းတယားယားဖြစ်စေတဲ့ လက်နက်ငယ်လေးသဖွယ်။ လေးကိုင်းသဏ္ဍာန် မထူမပါးနှုတ်ခမ်းနှင့် အားပါးတရ ရယ်လိုက်တိုင်း ပေါ်လာတဲ့ လေးထောင့်ဆန်ဆန်အပြုံးတွေပါ ထပ်ပေါင်းထည့်လိုက်တော့ မိန်းကလေးများ သည်းသည်းလှုပ်ကာ ယောကျာ်းလေးချင်းကပင် မနာလိုအားကျရလောက်သည့် ပြီးပြည့်စုံသည့် ရုပ်ရည်ပိုင်ရှင် ကင်ထယ်ယောင်းရယ်လို့ဖြစ်လာစေသည်။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC