UNICODE
နောက်ဆုံးတော့ ယယ်ဂျင်းတို့ သိပ်ကိုမျှော်လင့်နေတဲ့ ခရီးထွက်မယ့်နေ့ကို ရောက်လာခဲ့ပြီဖြစ်သည်။ ဟယ်ရာစီစဥ်ထားတဲ့အတိုင်း ပင်လယ်ဘက်ကို သွားကြမည်ပင်။ ယယ်ဂျင်းတို့သွားမယ့် ပင်လယ်က ကိုရီးယားရဲ့ တောက်ဘက်ပိုင်းက ယောဆူဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့။
အစကတော့ ကားနဲ့သွားကြမယ် စီစဥ်ပေမယ့် ခရီးထွက်တဲ့ အရသာပိုရအောင် ရထားနှင့်သွားဖို့ပဲ အတည်ပြုခဲ့ကြသည်။ ဆိုးလ်ကနေ ၃နာရီလောက်သာ ရထားစီးရမည့် ယောဆူဟာ ကိုရီးယားပင်လယ်များရဲ့ မိခင်လို့ပင်တင်စားကြသည့် ပင်လယ်ကမ်းခြေတွေ ပတ်ပတ်လည်ရှိနေသည့် နေရာဖြစ်သည်။ နိုင်ငံခြားသားတွေ သိပ်သတိမထားမိပေမယ့် ကိုရီးယားလူမျိုးတော်တော်များများ၏ သဘောကျနှစ်သက်ခြင်းကိုခံရသည့် အလွန်လှသည့်မြို့ပင်ဖြစ်သည်။
ယယ်ဂျင်းကတော့ ခရီးမထွက်ရတာလည်းကြာ ထယ်ယောင်းနဲ့အတူ ပထမဆုံးခရီးထွက်ရမှာလည်းဖြစ်တာကြောင့် စိတ်လှုပ်ရှားပြီး ညကပင်ကောင်းကောင်း အိပ်မပျော်။ ထယ်ယောင်းလာမကြိုခင် ပြင်ထားသည့် အိတ်ကို ပစ္စည်းစုံမစုံ နောက်ဆုံးအကြိမ်ပြန်စစ်လိုက်သည်။ တစ်ညအိပ်နှစ်ရက်ခရီးပေမယ့် မိန်းကလေးဖြစ်တာကြောင့် တိုတိုထွာထွာပစ္စည်းတွေနဲ့တင် အလတ်စားအရွယ် luggageတစ်လုံးက ပြည့်လို့နေပြီ။
ခဏနေတော့ ထယ်ယောင်းဆီက အိမ်နားရောက်တော့မည်ဆိုသည့် ဖုန်း၀င်လာတာကြောင့် အဖေဖြစ်သူကိုနှုတ်ဆက်ရင်း အထုပ်သယ်ကာ အောက်ဆင်းလာခဲ့သည်။ အခုဆို ယယ်ဂျင်းနဲ့ထယ်ယောင်းအကြောင်းကိုလည်း အဖေဖြစ်သူက သိသင့်သလောက်သိနေပြီဖြစ်သည်။ သမီးဖြစ်သူ အခုတလော ပြုံးပြုံးပျော်ပျော် ပြန်ဖြစ်နေတာကိုမြင်ပြီး ယယ်ဂျင်းအဖေလည်း စိတ်ချမ်းသာလို့နေသည်။ ခရီးထွက်မယ်လို့ ခွင့်တောင်းတော့လည်း တားတာမျိုးမရှိဘဲ ခွင့်ပေးခဲ့သည်။ ယယ်ဂျင်းကို လူငယ်ပီပီပေါ့ပေါ့ပါးပါး ဖြစ်နေတာမျိုး မြင်ချင်ခဲ့တဲ့ ယယ်ဂျင်းအဖေက ထယ်ယောင်းကိုပင် ကြိတ်ကျေးဇူးတင်နေသေးသည်။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC