UNICODE
ဂျီမင်း အခုတလော အရက်ချည်း လှိမ့်သောက်နေတော့တာပါပဲ။ ရင်ထဲကအပူကို အရက်အပူနဲ့ ဓါတ်ကြမ်းတိုက်ပစ်တဲ့ သဘော။ ဒါပေမယ့်လည်း နှလုံးသားထဲက အပူက အရက်ထက်ပိုပူပြီး ပိုလည်းခါးတယ်။ တစ်ချို့လူတွေ ပြောတာတော့ အချစ်ဆိုတာ လိုက်လေဝေးလေတဲ့။ ဂျီမင်းအတွက်တော့ လိုက်မလို့ ခြေလှမ်း'စ'ရုံ ရှိသေး ဝေးသွားလိုက်တာ တစ်ဆုံး။ တကယ်ကြီး ဝေးသွားတာလားဆိုတော့လည်း မဟုတ်သေးပြန်။ နီးနီးလေးမှာတော့ အချစ်က ရှိနေသေးတာပဲ။ ဒါပေမယ့် ဒါဟာ လူချင်းနီးရုံလေးတင်။ စိတ်ချင်း တစ်နည်းအားဖြင့် နှလုံးသားချင်းကတော့ ဝေးလျက်။ နဂိုတည်းကလည်း မနီးစပ်ခဲ့။ ဆုံနေရက်နဲ့ လွမ်းနေရသည်ပေါ့။
ယယ်ဂျင်းကို ဂျီမင်း စတွေ့တာက ၀ရုန်းသုန်းကားဖြစ်နေသည့် ရန်ပွဲအလယ်မှာပါ။ သူငယ်ချင်းဖြစ်သူ ထယ်ယောင်းက ယယ်ဂျင်း၏ အင်္ကျီလည်ပင်းကို ဆောင့်ဆွဲလိုက်သည့် မြင်ကွင်း။ ပထမတော့ ယယ်ဂျင်းကို ဂျီမင်း သတိမထားမိခဲ့။ ထယ်ယောင်းကို တားဖို့သာ စိုင်းပြင်းနေခဲ့သည်။ ကျောင်းထဲမှာလည်းဖြစ်၊ လူသိများသည့် ထယ်ယောင်းလည်း ဖြစ်နေတာကြောင့် ပြဿနာ အကျယ်အကျယ် ဖြစ်မသွားစေဖို့ပဲ ဂျီမင်း ခေါင်းထဲရှိနေခဲ့သည်။ ထယ်ယောင်းကိုဆွဲပြီးတော့မှ ယယ်ဂျင်းကို ထယ်ယောင်းကိုယ်စား တောင်းပန်သည့်အခါမှ သူမကို သေချာကြည့်မိလိုက်ခြင်းပင်။
ရုတ်တရက်ဖြစ်သွားသည့် အဖြစ်အပျက်အပေါ် အံ့သြခြင်းနှင့် ကြောက်ရွံခြင်းရောနေကာ ထယ်ယောင်းကိုသာ အကြောင်သား ငေးကြည့်နေသည့် ယယ်ဂျင်း ပုံစံကို အခုထိ ဂျီမင်း မျက်စိထဲကမထွက်။ မျက်ရည်အဝိုင်းသား ဖြစ်နေသည့် ထိုမျက်၀န်းတို့ကို မြင်လိုက်ရသည့်အခါ ဂျီမင်း ရင်ထဲ ဆစ်ခနဲ။ လူကြားထဲမှာ ယောကျာ်းလေးတစ်ယောက် အနိုင်ကျင့်တာကို ခံလိုက်ရသည့် မိန်းကလေးကို ဘယ်သူမဆို သနားကြမယ်မဟုတ်လား။ ဂျီမင်းလည်း ယယ်ဂျင်းကို သနားသွားသည်လေ။ သနားသွားလို့ ရင်ထဲမှာ တစ်မျိုးဖြစ်သွားတယ်လို့ပဲ ခပ်ပေါ့ပေါ့ ယူဆခဲ့မိသည်။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC