UNICODE
ထယ်ယောင်း ဆေးရုံကထွက်လာပြီး ကားကို တရကြမ်းမောင်းကာ တိုက်ခန်းသို့ပြန်ခဲ့သည်။ တိုက်ခန်းကိုရောက်တော့ ၀င်၀င်ချင်း ဘိုရာက ဧည့်ခန်းထဲကနေ ဆီးကြိုသည်။
"ထယ်ယောင်း ညဘက်ကြီး ဘယ်တွေလျှောက်သွားနေတာလဲ ဘိုရာက စိတ်ပူ..."
ထယ်ယောင်း လက်တစ်ဖက်က ဘိုရာ့ပါးကို အရှိန်ပြင်းပြင်းဖြင့် ရိုက်ချပစ်သည်။ လည်ထွက်သွားတဲ့ ဘိုရာက ထယ်ယောင်းကို ပြန်မော့ကြည့်လာတဲ့အချိန် ကျန်တဲ့ပါးတစ်ဖက်ဆီ ထယ်ယောင်းရဲ့ ရိုက်ချက်က ထပ်မံရောက်ရှိသွားပြန်သည်။
"သတ်မယ်!!! နင့်ကိုရော ဟိုလူကိုရော"
"ထယ်ယောင်း ဘာဖြစ်လာတာလဲ ဘိုရာ ဘာလုပ်မိလို့လဲ"
ထယ်ယောင်း အားကုန်လွှဲပြီး ရိုက်ထားတာကြောင့် ဘိုရာ့ ပါးနစ်ဖက်တို့က နီရဲနေသည်။ ရဲတက်နေတဲ့ ပါးပြင်ပေါ် မျက်ရည်တို့က စီးကျနေသည်။ ထယ်ယောင်း ဘိုရာမျက်ရည်ကျတာ မြင်တော့ မသနားတဲ့အပြင် ပိုလို့တောင် မုန်းမိသည်။ ဒီမိန်းမက ငိုဖို့ အခွင့်အရေးမှ မရှိဘဲ။ ယယ်ဂျင်းကို ပုံမှန်အခြေအနေမဟုတ်တော့တဲ့အထိ ဖြစ်အောင် လုပ်ခဲ့ပြီး သူ့အလှည့်ကျမှ နာတတ်နေတာကို ထယ်ယောင်း မုန်းလှသည်။
"နင်တို့နှစ်ယောက် ပေါင်းပြီး အကွက်ချ ယုတ်မာတာမလား ဟမ်"
ဘိုရာ့ အင်္ကျီစကို ဆွဲဆောင့်ကာ အော်ဟစ်မေးတော့ ဘိုရာက ထယ်ယောင်းလက်တွေကို အားနဲ့ ပြန်ဆွဲချသည်။
"အေး ဟုတ်တယ် ဒါပေမယ့် ငါက အသံဖိုင်လေး ပို့ပေးလိုက်ရုံပဲ ကိုယ်ထိလက်ရောက်လုပ်ခဲ့တာ နင့်အဖေမလား ဘာလဲ အခု ဟန်ယယ်ဂျင်းက နင့်အဖေ အပိုင်ဖြစ်သွားလို့ ငါ့လာရမ်းနေတာလား"
"လီဘိုရာ!!!"
"ထယ်ယောင်း အခုလို အခြေအနေဖြစ်မှတော့ ဘိုရာနဲ့ပဲ လက်ထပ်မယ်မလား ဟင်... ဟန်ယယ်ဂျင်းက နင့်အဖေလူဖြစ်သွားပြီမလား နင် ငါနဲ့ပဲ လက်ထပ်ရအောင်လေနော်"
တောင်းပန်သလို သနားစရာလေသံနဲ့ ပြောင်းပြောလာတဲ့ ဘိုရာက အမျိုးမျိုးတတ်နိုင်သည်။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC