Unicode
ကားလမ်းမကြီးဘေးရှိ ကြက်ကြော်နှင့်မက်ဂျူရောင်းသော ဆိုင်ခန်းထဲတွင် လူများပြည့်နှက်နေသည်။ ညဘက်မို့ လူပိုကျသည် ထင်သည်။ ကြက်ကြော်နှင့် ဘီယာရောင်းသည်မို့ ဆိုင်သို့ လာကြသည့် ဧည့်သည်များတွင် အများစုမှာ လူငယ်များဖြစ်ကြသည်။ လူအယောက်နှစ်ဆယ် အစိတ်လောက်သာဆန့်သည့် ထိုဆိုင်ထဲတွင် ပြေးလွှားအလုပ်ရှုပ်နေသူမှာ ဟန်ယယ်ဂျင်းပင်။
"ဒီကို မက်ဂျူတစ်လုံး"
"ဆော့စ်ကုန်သွားလို့ လာထည့်ပေးပါဦး"
"ကြက်ကြော်အစပ် တစ်ပွဲထပ်ချပေးပါ"
ဟိုဝိုင်း ဒီဝိုင်းမှ အော်ဟစ်မှာယူနေကြသည်များကို နားထောင်ရင်း ခေါင်းတွေပင်မူးလာသည်။ ဧည့်သည်များ မှာလိုက်သည်များနှင့် စားပွဲနံပါတ်ကိုမှတ်ရင်း ကောင်တာကိုသွားမှာရသည်။ မှာထားသည်များ ရလာလျှင် မှာသည့်ဧည့်သည် စားပွဲဆီသို့ပို့ပေး၊ ဧည့်သည်ပြန်သွားလျှင် ပန်းကန်ခွက်ယောက်များကို ရှင်းလင်းကာ စားပွဲအားသန့်ရှင်းရေးကိုချက်ချင်းလုပ်ရသည်။ ဒီကြားထဲ ရစ်သည့်ဧည့်သည်များနှင့်တွေ့လျှင် ဖြေရှင်းရ ပြောရဆိုရနှင့်ပိုမောသည်။ ယယ်ဂျင်းစိတ်ထဲမှ ဆိုင်ပိတ်ချိန်မြန်မြန်ရောက်ပါစေဟုသာ ဆုတောင်းနေမိသည်။
ဟိုပြေးဒီပြေးနှင့်ပင် ဆိုင်ပိတ်ချိန် ည၁၀နာရီသို့ရောက်လာသည်။ ယယ်ဂျင်းလည်း အခုမှပင်သက်ပြင်းချနိုင်သည်။ နောက်ဆုံးသန့်ရှင်းရန် ကျန်သည့် စားပွဲကို ရေစိုအ၀တ်နှင့်တစ်ထပ်သုတ်ကာ အ၀တ်အခြောက်ဖြင့်တစ်ခေါက်ထပ်သုတ်ပြီးသည်နှင့် ထိုစားပွဲရှိ ထိုင်ခုံတွင် ထိုင်ချမိလိုက်သည်။ အချိန်၅နာရီဆက်တိုက် မထိုင်ရဘဲ လှုပ်ရှားလိုက်ရသည့် ခြေထောက်တို့လည်း တောင့်တင်းလို့နေသည်။ အရင်ရက်တွေဆို ယယ်ဂျင်းနှင့်တူတူ အလုပ်လုပ်သည့် ကောင်မလေးတစ်ယောက်ရှိသော်လည်း ထိုမိန်းကလေးမှာ နေမကောင်းသဖြင့် ဒီနေ့မလာနိုင်ဟုဆိုသောကြောင့် ယယ်ဂျင်းတစ်ယောက်တည်း ဒိုင်ခံလုပ်နေရခြင်းဖြစ်သည်။ ထို့ကြောင့် အရင်နေ့တွေထက်လည်း ပို၍ပင်ပန်းလေသည်။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC