UNICODE
ဟိုတယ်ရဲ့ မှန်ပြတင်းကနေတစ်ဆင့် လမ်းမပေါ်မှာ ဖြတ်ပြေးနေကြတဲ့ ကားအသွယ်သွယ်ကို လိုက်ကြည့်ရင်း စိတ်အလျင်တို့က ပြေးလွှားနေသည်။ မီးရောင်စုံနဲ့ တိုက်တာတွေ၊ မြို့ပြရဲ့အလှတွေကိုတောင် မခံစားနိုင်ဘဲ စိတ်ထဲမှာ ပူလောင်နေရသူ ဘိုရာ။ ဖြစ်နိုင်ရင် အခုချက်ချင်း ကိုရီးယားကို ထပြန်လိုက်ချင်တာ။ အရေးကြီးတဲ့ လုပ်ငန်းကိစ္စမှာ အဖေဖြစ်သူက သူ့ကိုပါ ၀င်ရောက်ဆောင်ရွက်စေတာမို့ အလုပ်ကိစ္စတွေမပြီးသေးဘဲ စိတ်ခံစားချက်ကို ဦးစားပေးပြီး ထပြန်လို့မဖြစ်။ ကုမ္ပဏီကိစ္စကိုလည်း ဘိုရာက အလေးထားသည်။
လက်ထဲက ဖုန်းကို နောက်တစ်ခေါက် ပြန်ဖွင့်ကြည့်ရင်း မြင်ရတဲ့ပုံတွေကြောင့် ဒေါသက အလိပ်လိုက်တက်လာပြန်သည်။ ဘယ်လိုတောင် ကင်ထယ်ယောင်းဆီမှာ လှလှပပ အလိမ်ခံလိုက်ရလဲ။ ရှေ့မှာတော့ ဘာမှမဖြစ်သလို ဟန်ဆောင်ပန်ဆောင်နဲ့ ဟန်ယယ်ဂျင်းနဲ့ တကယ်ပဲ အဆက်ဖြတ်လိုက်သလို နေပြခဲ့ပြီး အခုကျတော့ နှစ်ယောက်သား ပျော်နေကြတယ်တဲ့လား။ သူတရုတ်ကိုရောက်နေတုန်း ထယ်ယောင်း ဘယ်တွေသွားလဲ ဘာတွေလုပ်လဲ သိချင်လို့ လူလွှတ်ထားပြီး စုံစမ်းခိုင်းထားရာက အခုတော့ ဘူးပေါ်သလိုပေါ်လာပြီ။
ကမ်းခြေမှာ နှစ်ယောက်သား ပျော်နေကြတဲ့ပုံတွေ။ ကင်ထယ်ယောင်းကလည်း ပြုံးနေလိုက်တာ။ ဒီလိုတောက်တောက်ပပ ပြုံးနေတာမျိုး ဘိုရာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ အထက်တန်းတုန်းကနေ အခုချိန်ထိ ဘိုရာသိတဲ့ ကင်ထယ်ယောင်းက မပြုံးတတ်ဘူး။ ဘိုရာ့ရှေ့မှာတောင် လိုလိုလားလား ပြုံးတာမျိုးမှ မရှိခဲ့တာပဲ။ ဟန်ယယ်ဂျင်းဆိုတဲ့ မိန်းမက ဘာမို့လို့ ကင်ထယ်ယောင်းက ရှားပါးတဲ့ သူ့အပြုံးတွေကိုပါ ပြနေရတာလဲ။ ဟန်ယယ်ဂျင်းဆိုတဲ့ မိန်းမရဲ့ ပျော်နေတဲ့ပုံတွေမြင်ရတာလည်း မုန်းလိုက်တာ။ ထယ်ယောင်းလက်တွေကို တွဲထားတာများ ကျစ်ကျစ်ပါလို့။ ဖြတ်ပစ်ချင်လိုက်တာ အဲ့ဒီ့ လက်တွေကို။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC