UNICODE
ယယ်ဂျင်းနဲ့ ထယ်ယောင်း ပတ်သက်မှုကို သိသွားပြီးနောက်ပိုင်း ဟယ်ရာတစ်ယောက် ယယ်ဂျင်းကို သိပ်မကြည်ချင်။ ယယ်ဂျင်းလည်း ပြောရမလား မပြောရမလား တွေဝေနေရာက လျှိုထားဖို့မသင့်ဟု ထင်သဖြင့် အဆူအဆဲခံပြီးပြောခဲ့ရသည်။
"နင့်ကို အံ့ဩလို့ကို မဆုံးဘူး"
"နင် ဦးနှောက်ရော ရှိသေးရဲ့လား"
"ငါဒီလောက်တားနေတဲ့ကြားကဟာ"
"နင့်ကို ဟိုက ဘာဆေးတွေများတိုက်လိုက်လဲ"
"အရူးမ" စသည် စသည်ဖြင့် ယယ်ဂျင်းကို စုံစိနေအောင်ပြောဆို အပြစ်တင်တော့သည်။ နောက်ဆုံးတော့လည်း ကိုယ့်သူငယ်ချင်းကိုက တစ်ဖက်ကို တော်တော်ကျနေပြီမို့ မပြောသာတော့သဖြင့် ဟယ်ရာ အလျှော့ပေးခဲ့ရသည်။ အခွင့်သာလျှင်တော့ မမေ့မလျော့ စကားနာထိုးတတ်သေးသည်။
ယယ်ဂျင်းကတော့ ဟယ်ရာ့နားကပ်ကာ အရင်ကထက် ပိုပြီး စကားတွေ ပြောလိုက် မုန့်၀ယ်ကျွေးလိုက်နှင့် အမျိုးမျိုးချော့ရလေသည်။ အခုလည်း အတန်းတက်ရတာ ပျင်းလို့ဆိုကာ ကျောင်း၀န်းထဲလမ်းသလားရန် အဖော်စပ်သည့် ဟယ်ရာကြောင့် ယယ်ဂျင်းမှာ မလိုက်ချင်လိုက်ချင်နှင့် လိုက်လာရပြန်သည်။ မလိုက်လျှင်လည်း တစ်နေကုန် ဆူပွပွဖြင့် မခေါ်မပြောလုပ်ဦးမည်။ သူသဘောမတူတဲ့ ကိစ္စကိုလုပ်ထားသည့် ယယ်ဂျင်းမှာလည်း တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူနှင့် ပြိုင်၍ စိတ်မကောက်ချင်သဖြင့် အလျှော့ပေးထားရသည်။ ဟယ်ရာက ဒါကို အခွင့်ကောင်းယူကာ အခုတလော ဆိုးပေပေလုပ်နေသည်။ သူ့ရည်းစား မင်ယွန်းဂီအပေါ် ဆိုးချင်တိုင်းမဆိုးရသမျှ ယယ်ဂျင်းအပေါ် လာပုံချနေသလိုပင်။
"ယယ်ဂျင်း ကျောင်းဆင်းရင်မုန့်သွားစားရအောင်"
"ဘာမုန့်လဲ"
"ပီဇာ၊ အခုတလော နာမည်ကြီးနေတဲ့ဆိုင်"
"သွားလေ"
"နင် အချိန်ရရဲ့လား ဒါမှမဟုတ် ပိတ်ရက်မှသွားမလား"
"ရပါတယ် ကျောင်းဆင်းပြီးအလုပ်တန်းသွားရတာမှ မဟုတ်တာ ကြားထဲအချိန်ရှိတာပဲကို"
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC