Unicode
အချိန်ကား ညဆယ်နာရီခန့်။ ဆိုးလ်လို မြို့ကြီးပြကြီးမှာတော့ စည်ကားလျက်ရှိဆဲပင်။ ကားရောင်စုံ၊ လူပေါင်းစုံ သွားလာလှုပ်ရှားနေကြဆဲ။ နီယွန်မီးရောင်စုံများအောက်တွင် ဧည့်သည်မပြတ်သေးသည့် စားသောက်ဆိုင်ကြီးများ၊ လမ်းဘေးဆိုင်ငယ်လေးများမှာလည်း အသက်၀င်လျက်ရှိသေးသည်။ ညဘက် အပျော်အပါးရှာဖွေသူများအတွက်လည်း အပန်းဖြေစရာနေရာများက အဆင်သင့်ပင်။
လူလတ်တန်းစားရပ်ကွက် လမ်းသွယ်လေးတစ်ခုထိပ်တွင် BMWမော်ဒယ်မြင့် ကားတစ်စီးရပ်လိုက်သည်။
"သွားတော့မယ်နော် ဦး"
"ခဏနေဦး"
ကားမောင်းသည့်ဘက်ခြမ်းတွင် ထိုင်နေသည့် အသက်၅၀ကျော်အရွယ် လူကြီးသည် ထိုမိန်းကလေးအား ပိုက်ဆံတစ်အုပ်ထုတ်ပေးလေသည်။ ကားထဲရှိ လူကြီးမှာ Kလုပ်ငန်းစု၏ ဥက္ကဌ ကင်ဂျယ်ဟွန်းပင်။"ဟာ ငါးသိန်းတောင် ဟိဟိ အဲ့ဒါကြောင့် ဦးကိုချစ်ရတာ"
၂၅နှစ်ခန့်လောက်ရှိမည့် ထိုမိန်းကလေးသည် လူကြီး၏လက်မောင်းကိုဆွဲကာ ချွဲနွဲ့စွာပြောသည်။"ကဲ သွားတော့ ပြီးတော့ မင်းဆီကို အခုတလော လာဖြစ်ဦးမှာမဟုတ်သေးဘူး"
"ဟင် ဘာလို့လဲ"
"ကုမ္ပဏီမှာအရေးကြီးကိစ္စတွေရှိလို့"
"အင်းပါ ဟုတ်ပါပြီ"
မိန်းကလေးသည် နှုတ်ခမ်းစူကာ စိတ်ပျက်လက်ပျက်လေသံနှင့်ပြန်ပြောလေသည်။ ထိုမိန်းကလေးသည် ကားပေါ်မှဆင်းကာ ကားထဲရှိ လူကြီးထံသို့ နောက်တစ်ခေါက် လက်ပြနှုတ်ဆက်ပြန်သည်။ မျက်နှာကို လိုအပ်သည့်ထက် ပြင်ဆင်ခြယ်သထားကာ ကိုယ်လုံးပေါ် ကွက်တိကျသည့် ၀တ်စုံကို ၀တ်ဆင်ထားသဖြင့် ခန္ဓါကိုယ်အမို့အမောက်များပေါ်လွင်နေသည့် ထိုမိန်းကလေးသည် ဝါကျင်ကျင် လမ်းမီးတိုင်အောက်တွင်ပင် ဆွဲဆောင်မှုရှိလှသည်။ ထိုမိန်းကလေး လမ်းသွယ်ထဲသို့၀င်သွားသည့်အခါ ကားအကောင်းစားကြီးသည်လည်း လူချမ်းသာရပ်ကွက်ဆီသို့ ဦးတည်မောင်းနှင်လေသည်။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC