Unicode
"သမီး နိုးပြီလား၊ ဒီမှာ မနက်စာပြင်ပြီးပြီ လာစား"
"ဆောရီး ဖေဖေ၊ ညက နောက်ကျမှအိပ်ပျော်သွားလို့ အခုမှနိုးတယ်"
"ဖေဖေလည်း သမီးအိပ်ရေးဝဝအိပ်ပါစေဆိုပြီး မနှိုးဘဲနေတာ"
ယယ်ဂျင်း ပုံမှန်ဆို ၆နာရီခွဲ ၇နာရီလောက်ဆို ထမြဲဖြစ်ပေမယ့် ညက ညဥ့်တော်တော်နက်မှအိပ်ပျော်သွားတာကြောင့် ဒီမနက် ၈နာရီခွဲမှနိုးလာသည်။ နိုးလာတော့ အဖေဖြစ်သူက မနက်စာပါပြင်ပြီးထားသည်ကိုတွေ့ရသည်။ ယယ်ဂျင်းအတွက်မနက်စာဆိုလျှင် အမြဲလိုလိုပေါင်မုန့်လောက်သာစားဖြစ်နေကျဖြစ်သည်။ ဒီနေတော့ ထမင်းစားပွဲလေးမှာ ဆန်ပြုတ်နှစ်ပန်းကန်နှင့်ဂင်မ်ချီပန်းကန်လေးပါတွဲ၍တွေ့ရသည်။
"ကြက်သားဆန်ပြုတ်လား၊ သမီးကိုနှိုးလိုက်တာမဟုတ်ဘူး၊ ထည့်ရတဲ့ပစ္စည်းတွေကများကများနဲ့ တစ်ယောက်တည်း အပင်ပန်းခံလို့"
နေမကောင်းသည့်သူနှင့်ကလေးများသာမက သာမန်လူများပင် မနက်စာကိုပေါ့ပေါ့ပါးပါးစားလိုလျှင် ဆန်ပြုတ်စားကြသည်မှာ ကိုရီးယားလူမျိုးတို့ဓလေ့ဖြစ်သည်။ အာဟာရပြည့်၀ပြီး အစာကြေလွယ်သဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ထိုကြက်သားဆန်ပြုတ်ထဲသို့ ထည့်ရသည့်ပါ၀င်ပစ္စည်းတွေကများလှသည်။
ကြက်သားကိုအရင်ပြုတ်ကာ အသားနွှင်ရသည်။ ကြက်သားပြုတ်ရည်ဖြင့် ဆန်ကိုကျိုရင်း နွှင်ထားသည့် အသားဖက်များထည့်ရသည်။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ အသီးအရွက်များအနေဖြင့် မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဂေါ်ဖီ၊ မှို၊အာလူး စသည့် ကိုယ်ကြိုက်နှစ်သက်ရာများကို အတုံးသေးသေးများရအောင် လှီးကာ ထိုအရာများအားလုံးရောကျိုလိုက်လျှင် အရသာရှိပြီးအာဟာရပြည့်သည့် ဆန်ပြုတ်ပျစ်ပျစ်တစ်ခွက်ရလာသည်။ ထည့်ရသည့် ပစ္စည်းများသဖြင့် စိတ်မရှည်စရာတော့ရှိသည်။"ဆန်ပြုတ်လောက်တော့ ဒီအဖေက ပြုတ်နိုင်ပါသေးတယ်"
"ဟုတ်ပါပြီရှင်"
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC