UNICODE
"ခဏလေး ဒါလေးနားထောင်သွားပါဦးလား"
ပြန်ဖို့ လှမ်းနေတဲ့ ခြေလှမ်းတို့ ခဏမျှရပ်သွားပေမယ့် ယယ်ဂျင်း လှည့်မကြည့်နေတော့။ ဘာပြောပြောနားထောင်နေစရာ အကြောင်းလည်းမရှိဟု သတ်မှတ်ပြီး ခြေလှမ်းတို့ကို ပြန်စလိုက်သည်။
"ဘိုရာ ထင်သလိုပဲ သူ့ကို အမြင်ကတ်ခဲ့တာ အဲ့စိတ်နဲ့ပဲ ကပ်ခဲ့တယ်ဆိုပါတော့ ကိုယ့်ကိုအရှက်ကွဲစေခဲ့လို့ သူ့ကိုနောင်တရစေချင်လို့ တမင်လုပ်ခဲ့တာ သူလည်းပြန်ပြီး အရှက်ရစေတော့ဆိုပြီး ကြံစည်ခဲ့တာ"
ကြားလိုက်ရတဲ့ အသံကြောင့် ယယ်ဂျင်း နေရာမှာတင် ကြက်သေသေသွားသည်။ ဒီအသံက ယယ်ဂျင်း အရင်းနှီးဆုံးအသံပဲ။ ထယ်ယောင်းအသံကြောင့် ယယ်ဂျင်း နောက်ပြန်လှည့်ကြည့်မိသည်။ ဖုန်းထဲနေလာတဲ့အသံမှန်း ထယ်ယောင်းအဖေ လက်ထဲက ဖုန်းက ညွှန်ပြသည်။ ဘာအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောနေမှန်း သေချာမသိပေမယ့် လူတစ်ယောက်ကို အမြင်ကတ်လို့ အကြံအစည်တစ်ခုနဲ့ ချဥ်းကပ်ခဲ့တဲ့ အနေအထားမျိုးဆိုတာကိုတော့ ယယ်ဂျင်း နားလည်လိုက်သည်။
ထယ်ယောင်း အဖေက နောက်ထပ်တစ်ခါ အသံဖိုင်ကို ထပ်ဖွင့်ပြပြန်သည်။ နောက်တစ်ခါနားထောင်လည်း ထယ်ယောင်းအသံပါပဲ။ ဒါပေမယ့် ယယ်ဂျင်း နားမလည်။ ယယ်ဂျင်းနဲ့ ဘာပတ်သက်နေလို့ လာဖွင့်ပြမှန်းလည်းမသိ။ ကြားရသလောက် ဒီအသံဖိုင်ထဲမှာ ဘိုရာ့နာမည်လည်းပါသည်။
"ဘယ်သူ့အသံလဲတော့ သိတယ်မလား ဘယ်သူ့အကြောင်းကို ပြောနေတယ်ဆိုတာရော မသိချင်ဘူးလား"
နားမလည်နိုင်ဖြစ်နေတဲ့ ယယ်ဂျင်းနားကို ရောက်လာပြီး ထယ်ယောင်းအဖေက မေးသည်။
"ထယ်ယောင်းက ကျောင်းပြီးရင် ဘိုရာနဲ့ လက်ထပ်မှာ လူကြီးတွေကလည်း သဘောတူပြီးသား နောက်လထဲတောင် စေ့စပ်ပေးမလားလို့ သူတို့နှစ်ယောက်ကလည်း အထက်တန်းတည်းက တွဲခဲ့တာဆိုတော့ မငြင်းကြဘူးလေ သံယောဇဥ်လည်းရှိပြီးသားမလား... ဒါဆိုရင် ဒီအသံဖိုင်ထဲမှာပါတဲ့ လှည့်စားခံလိုက်ရတဲ့သူက ဘယ်သူဖြစ်မလဲ ဟင်"
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC