UNICODE
ကားလေးက လမ်းပေါ်မှာ တရိပ်ရိပ်ပြေးလို့နေသည်။ ပတ်၀န်းကျင် မြင်ကွင်းတို့က တစ်ချက်တစ်ချက် ဝဲတက်လာတဲ့ မျက်ရည်တို့ကြောင့် ဝေဝေဝါးဝါး။ ကားထဲမှာလည်း အဲကွန်းထဲမှထွက်လာသည့် လေသံမျှင်းမျှင်းကိုတောင် ကြားရလောက်အောင်အထိ တိတ်ဆိတ်လျက်။
"ယယ်ဂျင်း"
ကားမောင်းနေသည့် ဂျီမင်းမှ လှမ်းခေါ်လိုက်သံကြောင့် ယယ်ဂျင်း လှည့်ကြည့်လာသည်။
"အဆင်ပြေရဲ့လား"
ယယ်ဂျင်း ပြုံးရုံသာ ပြုံးပြပြီး အဖြေပေးလိုက်သည်။ တကယ်တမ်း ယယ်ဂျင်း အဆင်မပြေမှန်း မျက်နှာကြည့်ရုံနဲ့ ဂျီမင်း တန်းသိတာပဲ။ အရင်ကထက် ပိုပါးသွားတဲ့ မျက်နှာလေးနဲ့ ၀မ်းနည်းမှုတွေ ဝိုင်းရံနေတဲ့ မျက်၀န်းတွေက သက်သေပဲလေ။
စိုးရိမ်ပေမယ့် မပိုင်ဆိုင်တဲ့သူ ဖြစ်နေရတဲ့အခါ ဘာမှမလုပ်ပေးနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ရင်နာရပြန်သည်။ ဖြစ်နိုင်ရင် ဂျီမင်းက ယယ်ဂျင်းကို ရင်ခွင်နွေးနွေးထဲ ထည့်ကာ ချစ်ခြင်းတွေ အလျှံအပယ်ပေးလိုက်ချင်တာ။ ချစ်လျက်နဲ့ ငေးကြည့်ရုံသာ တတ်နိုင်တဲ့အခါ နာကျင်မှုကနှစ်ဆ။
မနေ့ညက ထယ်ယောင်းနဲ့ စကားပြောပြီးတဲ့အခါ သူငယ်ချင်းဖြစ်သူရဲ့ စိတ်ကို သေချာသိသွားတာမို့ ယယ်ဂျင်းနဲ့ အဆင်ပြေအောင် ဖန်တီးပေးချင်လာသည်။ တစ်ဖက်က အချစ်ဆုံး သူငယ်ချင်း၊ တစ်ဖက်က ချစ်ရတဲ့ မိန်းကလေးဖြစ်ပြီး နှစ်ယောက်သားရဲ့ ချစ်ခြင်း အတိမ်အနက်ကိုပါ သိရတဲ့အခါ ဂျီမင်းက ပေါင်းကူးတံတားဖြစ်ပေးချင်သည်။ ကိုယ့်နှလုံးသားကို ချခင်းပေးရင်းလေ။ အထိအခိုက် အပွန်းအပဲ့တော့ ရှိတာပေါ့။
ယယ်ဂျင်းက ဂျီမင်းကိုယ်တိုင် စိတ်လိုလက်ရ ရှာဖွေထားတဲ့ ဝဋ်ကြွေးလှလှလေး~
အခုလည်း ထိုဝဋ်ကြွေးလေးရဲ့ ပိုင်ရှင်ရှိရာကို ကိုယ်တိုင် ခေါ်လာပေးမိသည်။ ကမ်းတဲ့လက်ကို မငြင်းပယ်ခဲ့တာ ဂျီမင်းဖြစ်နေလို့ မဟုတ်ဘဲ တစ်ဖက်က သူရောက်ချင်တဲ့ အရပ်မို့သာ ယယ်ဂျင်းက အကူအညီဖြစ်ရုံလောက်လေး လှမ်းဆွဲထားမှန်း သိပေမယ့် ဂျီမင်းက အပြစ်မတင်ရက်။ ယယ်ဂျင်း စိတ်ချမ်းသာမယ့် အရပ်ဆို ဂျီမင်းက ဆိုက်ဆိုက်မြိုက်မြိုက် ပို့ပေးမှာပါပဲ။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC