UNICODE
အရင်က ဒိုင်ယာရီမရေးတတ်တဲ့ ယယ်ဂျင်းဟာ အခုတော့ ဒိုင်ယာရီရေးတတ်နေခဲ့ပြီ။ ဒိုင်ယာရီရဲ့ ပထမဆုံးစာမျက်နှာကို ချယ်ရီပန်းတွေနှင့် အစပြုဖွင့်လှစ်ခဲ့သည်။
ဒီနေ့လည်း ယယ်ဂျင်းအတွက် အရင်နေ့တွေလိုပင် ပုံမှန် လည်ပတ်လျက်ရှိသည်။ မနက်စောစောထကာ လုပ်စရာရှိတာလုပ်ပြီး ကျောင်းလာ၊ ကျောင်းမှာ အတန်းချိန်အပြည့်တက်၊ စာကြည့်တိုက်သွားနှင့် လုပ်နေကျအလုပ်များနှင့် အချိန်ကုန်မှန်းမသိကုန်သွားပြန်သည်။ ဒါပေမယ့် ဘေးနားမှာ ပေါက်ပေါက်ဖောက်မည့် ဟယ်ရာမရှိသဖြင့် ယယ်ဂျင်းတစ်နေ့တာက ပျင်းခြောက်ခြောက်တော့ဖြစ်နေသည်။ ဒီနေ့ ဟယ်ရာသည် သွားစရာရှိသည်ဆို၍ ကျောင်းမလာ။ စကားများလွန်းသဖြင့် တစ်ခါတစ်ခါ ဟယ်ရာ့ကို မကြည်သာပေမယ့် သူမရှိတော့လည်း ဟာတာတာဖြစ်နေသလို ခံစားရသည်။ နောက်ပြီး ယယ်ဂျင်းမျှော်နေသည့် ထယ်ယောင်းလည်း ဒီနေ့ ရောက်မလာပြန်ပါ။
ညနေ ကျောင်းဆင်းသည့်အခါ အိမ်ခဏပြန်ကာ အဆာပြေစားသောက်ပြီး အချိန်ပိုင်းအလုပ်သို့သွားရပြန်သည်။ အခု အလုပ်လုပ်နေသည့် ကြက်ကြော်ဆိုင်မှာမလုပ်ခင် အရင်က စားသောက်ဆိုင်တစ်ခုမှာ ယယ်ဂျင်း အလုပ်လုပ်ခဲ့ဖူးသည်။ အိုးတိုက်ပန်းကန်ဆေးရသည့်အလုပ်။ ပထမဆုံး အလုပ်လုပ်ဖူးတာလည်းဖြစ်၊ အရင်ကဆို ပန်းကန်တစ်ချပ်တောင်မဆေးဘူးသည့် ယယ်ဂျင်းအတွက် ထိုအလုပ်သည် ခက်ခဲသည်ထက်ပိုခဲ့သည်။ လေးငါးနာရီလောက် ရေနှင့်ထိတွေ့ရသည်မို့ ပထမဆုံး အလုပ်စဆင်းပြီး နောက်ရက်မှာပင် ဖျားခဲ့သည်။ သို့သော် အလုပ်မလုပ်လျှင်လည်းမဖြစ်သည်မို့ အားတင်းကာလုပ်ခဲ့ရသည်ပင်။ ၂၄နာရီဖွင့်သည့် ကုန်စုံဆိုင်မှာလည်း ယယ်ဂျင်း လုပ်ဖူးသည်။ ၀ယ်သူများလျှင်များသလို မက်တပ်ရပ်ရသည့် အချိန်လည်းများကာ တစ်ဆိုင်လုံးမှာ၀န်ထမ်းတစ်ယောက်တည်းခန့်သည်မို့ စာရင်းဇယားကအစ သန့်ရှင်းရေးအဆုံး ယယ်ဂျင်း လုပ်ရသည်။ ပန်းကန်ဆေးရသည့် အလုပ်လောက်တော့ မပင်ပန်း။ သက်သောင့်သက်သာလည်းရှိသည်။ ဆိုင်ထဲတွင် ယယ်ဂျင်းတစ်ယောက်တည်း ရှိသည်မို့ တစ်ခါတစ်ရံ တစ်ချို့၀ယ်သူယောကျာ်းလေးများ၏ မထိတထိစကားများကိုတော့ ကြားခဲ့ရသည်။ ထိုအခါတိုင်းလည်း သည်းခံပြီး အပြုံးနှင့်သာ တုံ့ပြန်ခဲ့သည်။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC