Episode 4

1.7K 187 9
                                    

Unicode

"အ"

လက်​တောက်​လျှောက်မှာ ပူသွားသဖြင့် ​ယယ်ဂျင်း အသံထွက်​အောင်ပင် ​အော်မိသည်။ ယယ်ဂျင်းကိုတိုက်မိသည့်သူ၏ လက်ကိုလည်း ​ကော်ဖီအနည်းငယ်စင်သွား​လေသည်။ ထိုသူသည် သူ့အင်္ကျီစ​ပေါ်သို့ အနည်းငယ်စင်သွား​သော ​ကော်ဖီစက်တို့ကို လက်​ချောင်းများဖြင့် တစ်ချက်ခါချလိုက်ကာ ယယ်ဂျင်းကို တစ်ချက်ကြည့်၍ ထွက်သွားမည်အပြု-

"ဒီမှာ လူတစ်​ယောက်လုံးကို တိုက်မိတာ​တောင် ​တောင်းပန်ရမှန်းမသိဘူးလား" ကိုယ့်အသားကို ထိခိုက်မိသွားသဖြင့် ​ဒေါသထွက်သည့်အပြင် ​တောင်းပန်ရ​ကောင်းမှန်းမသိဘဲ ခပ်စူးစူးပြန်ကြည့်သည့် ထိုသူကို ယယ်ဂျင်း​အော်လိုက်သည်။ ထိုအသံ​ကြောင့် ပတ်၀န်းကျင်ရှိ လူအချို့မှာလည်း ​ခြေလှမ်းများရပ်တန့်ကာ ဝိုင်းကြည့်ကြသည်။ ထိုသူသည် ယယ်ဂျင်း​အော်သံ​ကြောင့် ယယ်ဂျင်းနှင့်မျက်နှာချင်းဆိုင် ပြန်လာရပ်ကာ-

"​တောင်းပန်ရမယ် ဘာကိုလဲ"

"နင်၀င်တိုက်လို့ ​ကော်ဖီခွက်​မှောက်ကျပြီး ငါထိခိုက်မိသွားတယ်မလား အဲ့ဒါကို​တောင်းပန်ခိုင်းတာ"

"​အော် ​အဲ့ဒါဆိုလည်း ​ဆောရီး" ​

အေးစက်စက်​လေသံနှင့်သာ ​ပြော​သော ထိုသူကို ယယ်ဂျင်း ပိုစိတ်ဆိုးလာသည်။ ​မှောက်ကျသည့်​ကော်ဖီ​ကြောင့် လက်ကပူစပ်ပူ​​လောင်ဖြစ်​နေသည်ကတစ်မျိုး ထိုသူ၏ မထီမဲ့မြင်အမူအယာ​ကြောင့်​ပါ ​ဒေါသက ပိုထွက်လာသည်။ သာမန်အချိန်တွင်​ ခပ်အေး​အေး​နေတတ်သည့် ယယ်ဂျင်းဖြစ်​ပေမယ့် မဟုတ်မခံသည့် စိတ်က​လေးကရှိသည်။ ​​တော်ရုံစိတ်မဆိုးတတ်​ပေမယ့် စိတ်ဆိုးလာပြီဆိုလျှင်လည်း စိတ်ကိုမထိန်းနိုင်။ ​ဆောရီးတစ်ခွန်း​သာပြောပြီး ထွက်သွားရန်ပြင်သည့် ထိုသူ၏ လက်​ကောက်၀တ်ကိုဆွဲကာ-

"​နေဦး အဲ့ဒါ​တောင်းပန်တဲ့​လေသံလား ကိုယ့်​ကြောင့် လူတစ်​ယောက်ထိခိုက်သွားတာကို​ ဒီလိုပုံစံနဲ့​တောင်းပန်တာလား နင်လူမဟုတ်ဘူးလား"

ထိုသူသည် သူ၏ လက်​ကောက်၀တ်တစ်ဖက်ကို ဆွဲထား​သော ယယ်ဂျင်း၏လက်ကို ပုတ်ချလိုက်သည်။ ပါး​စောင်ကို လျှာနှင့်ထိုးလိုက်ရင်း လက်​ချောင်းများကိုလည်း ဆံပင်အုံထူထူထဲသို့ ထိုးသွင်းကာ ဆံပင်များကိုဖွ​လေသည်။ ပတ်၀န်းကျင်ရှိ လူများလည်း တီးတိုး​ပြောရင်း စိတ်၀င်တစား ရပ်ကြည့်​နေကြသည်။ စိတ်၀င်စားမည်ဆိုလည်း စိတ်၀င်စားစရာပင်။ ​ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ကင်ထယ်​ယောင်းကို မိန်းက​လေးတစ်​ယောက်က ရန်ပြန်​တွေ့​နေသည့်အတွက်​ကြောင့်ဖြစ်သည်။

In a Long DreamWhere stories live. Discover now