UNICODE
ယယ်ဂျင်း နောက်ဆုံးဖြေနေတဲ့ အပုဒ်ကို လက်စသတ် အဖြေလွှာတစ်ခုလုံးကို အစအဆုံး တစ်ခေါက်ပြန်စစ်ပြီး အခန်းစောင့် ဆရာမကို အဖြေလွှာအပ်ကာ စာမေးပွဲခန်းထဲက ထွက်လာခဲ့သည်။ စာမေးပွဲအချိန်ပြည့်ခါနီးနေပြီ ဖြစ်တာကြောင့် အခန်းထဲမှာလည်း ကျောင်းသား သုံးလေးယောက်လောက်သာ ကျန်တော့သည်။ ကော်ရစ်ဒါတစ်လျှောက်မှာ ကျောင်းသားတွေ စုရုံးစုရုံးနှင့် အဖြေတိုက်ကြ မနက်ဖြန်အတွက် ပါမယ့်အပုဒ်တွေ မှန်းကြရင်း ဆူညံလျက်ရှိသည်။ တစ်ချို့ကလည်း ဖြေနိုင်လို့ မြူးထူးနေသလောက် တစ်ချို့ကျ ပထမရက်မှာတင် အခြေအနေမကောင်းကြလို့ ထင်သည်။ မျက်နှာငယ်တွေနှင့်။
ယယ်ဂျင်းမှာ သူ့ထက်အရင် အခန်းထဲက ထွက်သွားသည့် ဟယ်ရာ့ကိုလည်းရှာရသေးသည်။ စာမေးပွဲဖြေချိန် တစ်၀က်ကျော်ကျော်လောက်မှာတည်းက ထွက်သွားသည့် ဟယ်ရာတစ်ယောက် အခြေအနေကောင်းပုံမပေါ်။ စာရွက်အပ်ပြီး ထွက်သွားသည့် မျက်နှာကို အကဲခတ်လိုက်ရသလောက် မဖြေနိုင်တဲ့ပုံ။ မေးခွန်းက အခက်ကြီးလည်းမဟုတ်ဘဲ ဟယ်ရာ ဘာလို့ မဖြေနိုင်လဲ တွေးလို့မရ။ ယယ်ဂျင်းကတော့ စာမေးပွဲ ပထမဆုံးရက်မှာတင် အခက်အခဲမရှိဖြေနိုင်တာမို့ စိတ်ထဲမှာ တော်တော်လေးကျေနပ်နေမိသည်။ ဒါပေမယ့် သူငယ်ချင်းဖြစ်သူက ဖြေနိုင်ပုံမပေါ်တာကြောင့် အပြည့်အ၀မပျော်နိုင်။
ယယ်ဂျင်းထက်စာရင် အပေါင်းအသင်းများတဲ့ ဟယ်ရာကို လူစုစုတွေ့တိုင်း ရှာသော်လည်း ဘယ်အုပ်စုထဲမှာမှ မတွေ့။ အခန်းထဲကထွက်လာပြီး ကော်ရစ်ဒါတောက်လျှောက် ဆင်းလာတဲ့ လှေကားတောက်လျှောက်လုံး ဟယ်ရာ့ကို အရိပ်တောင်မမြင်။ အရင်ကဆို စာမေးပွဲခန်းထဲက အရင်ထွက်သွားရင်တောင် ကော်ရစ်ဒါ တစ်နေရာရာမှာ တခြား သူ့သူငယ်ချင်းတွေနဲ့ စာတိုက်နေကြ။ အခု တော်တော် မဖြေနိုင်လို့များ တစ်ချောင်ချောင်မှာ တစ်ယောက်တည်း သွားငိုနေပြီလားဟုပင် ယယ်ဂျင်း စိတ်ပူလာသည်။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC