Unicode
"ဟယ်ရာ ခဏစောင့်ပါဦး"
အတန်းထဲမှ ထွက်သွားသော ဟယ်ရာ့နောက်သို့ ယယ်ဂျင်းအပြေးလိုက်သွားသည်။ ကျောင်းဆင်းချိန်မို့ ကော်ရစ်ဒါတစ်လျှောက်ရှိ များပြားလှသော ကျောင်းသားများကို ရှောင်ရှားရင်း ဟယ်ရာ့လက်ကို လှမ်းဆွဲလိုက်သည်။
"နင်ကလည်း မြန်လိုက်တာ ငါ့တောင်မစောင့်ဘူး"
ဟယ်ရာ့လက်မောင်းကို တွယ်လိုက်ရင်း ယယ်ဂျင်းပြောလိုက်သော်လည်း ဟယ်ရာက တုတ်တုတ်ပင်မလှုပ်။ ယယ်ဂျင်းကိုလည်းမကြည့်။ လှမ်းမြဲခြေလှမ်းအတိုင်းသာ ခပ်သွက်သွက်လျှောက်နေလေသည်။ ဟိုတစ်နေ့က ကန်တင်းမှာ ထယ်ယောင်းနှင့် ကိစ္စသိပြီးတည်းက ဟယ်ရာ ယယ်ဂျင်းကို စိတ်ကောက်နေသည်ပင်။ စကားကောင်းကောင်းမပြောသည်ပင် တစ်ပတ်လောက်ရှိတော့မည်ထင်သည်။ ထိုတစ်ပတ်အတွင်းတွင်လည်း ထယ်ယောင်းသည် ယယ်ဂျင်းဆီသို့ ရောက်ရောက်လာကာ စကားပြောလိုက် ထမင်းအတူစားလိုက်နှင့် ကူးလိုက်သန်းလိုက်ရှိခဲ့သည်။ ယယ်ဂျင်းအနေနှင့်လည်း ထယ်ယောင်းအပေါ် အရင်ကလို ကြောက်ရွံ့တာမျိုးမရှိတော့ဘဲ ရင်းနှီးလာသည်။ ထယ်ယောင်းနှင့်ရင်းနှီးလာသည်နှင့်အမျှ ပတ်၀န်းကျင်က ယယ်ဂျင်းကိုပို၍ မေးငေါ့လာကြသည်။ အထူးသဖြင့် မိန်းကလေးများပင်။
"ဟဲ့ မျက်နှာကြီးပုပ်မနေပါနဲ့ စကားနည်းနည်းပြောရအောင် နော်"
အဆောင်လှေကားမှဆင်းလာကာ လူရှင်းသည့်နားသို့ ဟယ်ရာ့ကိုဆွဲခေါ်ခဲ့သည်။ ဟယ်ရာကတော့ အင်းမလုပ်အဲမလုပ်ဖြင့် ယယ်ဂျင်းခေါ်ရာသို့ ပါလာသည်။
"နင် ငါ့ကို အခုထိစိတ်ကောက်တုန်းလား"
ဟယ်ရာနှင့်မျက်နှာချင်းဆိုင်ရပ်ကာ ယယ်ဂျင်းမေးလိုက်သည်။ ထိုအခါ ခေါင်းငုံ့ထားသည့် ဟယ်ရာမှာ ခေါင်းကိုမော့လိုက်ရင်း ယယ်ဂျင်းမျက်နှာကိုကြည့်ကာဖြေသည်။
"စိတ်ကောက်တာမဟုတ်ဘူး စိတ်ဆိုးတာ"
"စိတ်ဆိုးတာဆိုလည်း အခုပြေလိုက်ပါတော့ဟာ ငါလည်း မပြောချင်လို့မပြောခဲ့တာမှမဟုတ်ဘဲ"
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC