UNICODE
First semစာမေးပွဲကလည်း နီးလာတာမို့ စာကို အပတ်တကုပ် လုပ်နေရချိန်ဖြစ်သည်။ နောက်ဆုံးနှစ်လည်းဖြစ်တာကြောင့် ပေါ့လို့မဖြစ်။ အရင်နှစ်တွေကဆို နှစ်စတည်းက စာသေချာလုပ်ခဲ့တဲ့ ယယ်ဂျင်းက စာမေးပွဲနီးလည်း သူများတွေလို ပြာယာမခတ်။ စကော်လာရဖို့ စာမေးပွဲနီးရင် စာလုပ်ချိန် ပိုတိုးလိုက်တာကလွဲလို့ ခက်ခက်ခဲခဲမရှိ။ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အေးအေးဆေးဆေးကျော်ဖြတ်နိုင်သည်။
ဒီတစ်ခါတော့ စိတ်နဲ့လူနဲ့ မကပ်တာမို့ စာလည်းသေချာမလုပ်ဖြစ်။ စာမေးပွဲရဲ့ ဖိအားနဲ့အတူ တခြား စိတ်ပင်ပန်းစရာတွေနဲ့မို့ စိတ်ရောလူရော ပင်ပန်းရသည်။ Ph.dရအောင်ယူပြီး တက္ကသိုလ်မှာ ဆရာမပြန်လုပ်ချင်သည့် ရည်မှန်းချက်ကြောင့် အသေအကြေ ကြိုးစားဖို့ လိုအပ်ပေမယ့် အခုအခြေအနေအရ စာကိုအဖတ်လုပ်ချင်စိတ်မရှိ။ ကိုယ်ပဲ ထိခိုက်နေရတဲ့ ထယ်ယောင်းနဲ့ ဆက်ဆံရေးကိုလည်း စိတ်ပျက်လှပြီ။ အရေးမပါတဲ့ စိတ်ခံစားချက်တွေကို သိပ်ကို ရှေ့တန်းတင်နေမိပြီလားလို့ တွေးမိတဲ့အထိ စိတ်ကုန်နေပြီ။
"ငါ စာကြည့်တိုက်သွားဦးမယ် လိုက်မလား"
"နင် အရင်သွားနှင့် ငါ ဒါလေး notesထုတ်ပြီးမှ လိုက်ခဲ့မယ်"
"အင်း"
"နင် ဘာစာအုပ်ရှာမှာလဲ"
"poetryအတွက်လိုတဲ့ စာအုပ်တွေ"
"အေးအေး ငါပြီးရင် လိုက်လာခဲ့မယ်"
အခန်းထဲမှာ ဟယ်ရာ့ကို ထားခဲ့ပြီး ယယ်ဂျင်း စာကြည့်တိုက်ဘက် ထွက်လာခဲ့သည်။ ညဘက် အိပ်ရေးတွေပျက်တာကြောင့် ခေါင်းကမူးနောက်နောက်။ နွေရာသီရဲ့ ခပ်ပြင်းပြင်း အပူက လူကိုပိုနုံးစေပြန်သည်။ ကျောင်း၀န်းထဲမှာ သွားလာနေကျတဲ့သူတွေကတော့ နေအပူဒဏ်ကြောင့်ရော စာမေးပွဲအပူကြောင့်ပါ ခပ်သုတ်သုတ်ပြေးလွှားနေကြသည်။ ယယ်ဂျင်းကတော့ ခပ်နှေးနှေးပင်။
YOU ARE READING
In a Long Dream
Fanfictionတစ်ယောက်တည်းမက်ပြီး တစ်ယောက်တည်း ဖြိုဖျက်ပစ်လိုက်ရတဲ့ အိပ်မက်ပါပဲ... Kim TaeHyung x OC