Unicode#
တစ်နေ့တစ်နေ့ မပြီးစီးနိုင်သောအလုပ်ကြောင့်လူကနုံးချိချိ။ အစည်းအဝေးပြီးသည့်အခါ ဟန်မဆောင်နိုင်လောက်အောင် ခုံပေါ်ကိုပစ်လှဲမိသည်။
ထိုအခါ မျက်စိရှေ့မှ သဘာဝတရားကြီး၏မြင်ကွင်းကို တွေ့သည့်အခါစိတ်ရှုပ်စရာများ လျော့ကျသွားသယောင်။ မျက်စိရှေ့တွင် မြင်နေရသော တိုက်များကို တွေ့သည့်အခါ မိမိအပိုင်ဆိုသည့်အသိနှင့် ဟက်ခနဲရယ်မိသည်။
"မင်းက အဲ့လောက်တောင် တော်ပါလား Kim Taehyung''
"Boss KB ကုမ္ပဏီက ဖုန်းဆက်လာတယ် ။ ကျွန်တော်တို့ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်လို့ရမလားတဲ့''
KBကုမ္ပဏီဆိုတာက သြော်
ceoချောချောလေးရှိတာပဲ.."အိုခေလေ သူတို့ceoနဲ့နောက်အပတ်ကျ တွေ့မယ်လို့ ပြောလိုက်ပါ''
"ဟုတ်ကဲ့ပါ''
"အခုတော့ငါရုံးဆင်းပြီ''
သူရုံးဆင်းလာတဲ့ လမ်းတစ်လျှောက်လုံး ဝန်ထမ်းတွေအားလုံးက ခေါင်းငုံ့နေလျက်သား။ အဲ့လိုမှမလုပ်ရင်လည်း Kim Taehyung အကြောင်းသိသွားမှာ မဟုတ်ပါလား ။
"ကားအဆင်သင့်ဖြစ်ပြီလား''
"ဟုတ်ကဲ့ဖြစ်ပါပြီ''
ကားမောင်းနေရင်း တချက်ချက် ထိုးကိုက်လာသောခေါင်းကြောင့် စိတ်အာရုံနောက်ရသည်။
"ကျစ်..ဒီခေါင်းတော့''
"ဒုန်း!!''
နောက်ကကားမှဝင်စောင့်သည့်အတွက် အလျင်အမြန်ပင်လက်ကိုင်ကိုထိန်းလိုက်ကာဘေးသို့ရပ်လိုက်ရသည် ။ ရန်ဖြစ်သင့်တယ်လေ ဒါကြီးကတမင်လုပ်တာပဲကို ။
"ထွက်ခဲ့စမ်း! ကားကိုမဆင်မခြင် မောင်းတဲ့ကောင်!''
ထို့အခါ ကားထဲမှထွက်လာသောလူကြောင့် လူကမှင်သက်သွားသည် ။ ဘောင်းဘီဒူးပြဲ အပေါ်ဂျာကင်နှင့် ခပ်မိုက်မိုက်သူ့ပုံက ဆွဲဆောင်မှုအပြည့် ။
ယောကျ်ားလေးတစ်ယောက်က ဒီလောက်ကြည့်ကောင်းတာရှိလို့လား။"ကိုယ်တောင်းပန်ပါတယ် ကိုယ့်အမှားပါ''
Waittt သူကအခု ကိုယ်လို့ သုံးနှုန်းလိုက်တာလား!
YOU ARE READING
Shadow Of You ( Completed )
Fanfiction"သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်အနံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမိသွားခဲ့တယ်...'' "သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်နံ့ဆွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမ...