ep(2)

66.8K 4.2K 401
                                    

Unicode#

မပြောမဆို ဝင်လာပြီး မပြောမဆို
ပြန်ထွက်သွားတဲ့အရူးလိုကောင် ။

ဖုန်းနံပါတ်ကိုဓားပြတစ်ယောက်လိုတောင်းပြီးမဆက်တဲ့ကောင်။

အဝင်callလာတိုင်း သူများလားဆိုပြီးထင်နေရတာအရူးလိုပဲ ။

"Boss ပါဆယ်ရောက်နေပါတယ်''

ဟန်မပျက်သာပြောပြီး
ယူလာခိုင်းလိုက်ရသော်လည်း
ရင်ထဲမှာတော့ ဗ​လောင်ဆူနေသည်။

မျက်စိရှေ့တွင် ရှိနေသော
ပါဆယ်ဗူးကို အပြန်ပြန်အလှန်လှန် စစ်ကြည့်နေမိသည်။ ဘာလို့ ဗူးက ဗလာကြီးလည်း?

ရုံးဆင်းသည့်အခါလည်း သူစီးနေကျအနက်ရောင်ကားကို မသိမသာ ရှာကြည့်နေမိသည် ။ ဒါပေမဲ့ ရှိမနေခဲ့ပါ ။

"မင်း Taehyung မှတ်လား''

"အာ..Jimin''

ပေါင်းသင်းဆက်ဆံမှု၌ ညံ့ဖျင်းသောမိမိလိုလူမျိုးအတွက် အနည်းငယ်ရင်းနှီးရုံသူငယ်ချင်းက Jiminပင် ။

"Ceoတစ်ယောက်က ဘာလို့
ကိုယ်တိုင်စျေးလာဝယ်ရတာလည်း''

"တစ်ယောက်ထဲနေတာပါ
အကူဆိုတာမျိုးမရှိပါဘူး''

"သြော်..ceoကို ချစ်သူက
ချက်မကျွေးဘူးလား''

ထိုအမေးကြောင့် ဂုတ်ပိုးကိုသာ
တချက်ပွတ်ပြီး ရယ်ကျဲကျဲဖြေမိသည်။

"ချစ်သူလည်းမရှိဘူး''

"ဟောဗျာ..''
နှစ်ယောက်လုံးပြိုင်တူရယ်မိကြသည်။

ရုတ်တရက် လက်ကောက်ဝတ်ကိုအကြမ်းပတမ်းဆွဲကာ supaemarket
အပြင်ကို တရစပ် ဆွဲခေါ်သွားခြင်း ခံလိုက်ရသည့်အတွက်...

"လွှတ်စမ်း! ငါ့လက်ကောက်ဝတ်
နာနေပြီ!''

စူးရှနေသော သူ့မျက်ဝန်းများက
မတွေ့ရတဲ့အတောအတွင်း
ပိုတောက်ပလာသယောင် ။

"အဲ့ကောင်က ဘယ်သူလဲ''

"သူဘယ်သူပဲဖြစ်ဖြစ် မင်းနဲ့ဆိုင်လား''

လစ်ဟာသွားသော လေဟာနယ်နှင့်
သူ့ကျောပေါ်သို့ရောက်ရှိသွားသောကျွန်တော် ။ ပုခုံးပေါ်ထမ်းကာ ပွေ့ချီသွားသည်မှာ အရုပ်လေးတစ်ရုပ်လို။

Shadow Of You ( Completed )Where stories live. Discover now