ep(6)

54K 3.7K 371
                                        

Unicode#

နောက်ကျိကျိဖြစ်နေသော ခေါင်းကြောင့် မျက်လုံးကတော်တော်နှင့် မဖွင့်နိုင်။ ဖွင့်ဖွင့်ချင်း မြင်လိုက်ရသော မျက်နှာကျက်ကြောင့် တန်းသိလိုက်သည်က ဟိုလူ့အိမ် ။

စောင်ကိုလှပ်ကြည့်သည့်အခါ ခန္ဓာနှင့်အဝတ်တွဲနေသည့်အတွက် ညကဘာမှဖြစ်မသွားဘူးဆိုတာကြောင့်
သက်ပြင်းယဲ့ယဲ့ချမိသည် ။

ထိုအခိုက် ဒုန်းခနဲပွင့်လာသော တံခါးကြောင့် ခြုံထားသောစောင်ကိုလည်ပင်းအထိဆွဲလိုက်မိသည်။
ဝင်လာသည်က ပန်းကန်လုံးကြီးကိုပြီး သူနာပြုလိုလို ဘာလိုလိုနှင့် ။

"ငါ့အခုအိမ်ပြန်တော့မှာ
ဘာမှမစားဘူး''

"ဒီနေ့အလုပ်မဆင်းနဲ့တော့
ကိုယ်ခွင့်တိုင်လိုက်ပြီ''

"ဘာ!!''

Kim Taehyungလက်ထက်မှာ
အလုပ်ပျက်တယ်ဆိုတာ တစ်ရက်မှရှိခဲ့တာမဟုတ်ဘူးလေ ။

"မရဘူး ။ ငါအခုချက်ချင်းပြန်မယ်''

"အဲ့ဒါဆို ဒါလေးတော့သောက်သွား''

"မသောက်ဘူး ပြန်မယ်''

ကျစ်ခနဲ စုပ်သပ်သည့်အသံနှင့် တွန့်ခနဲကွေးသွားသော သူ့မျက်ခုံးနှစ်ဖက် ။

"ဘေဘီမဆိုးစမ်းနဲ့''

"မရဘူး။ အခုပြန်မယ်''

သူ့ဆံပင်ကိုတချက်ဖွပြီး ကြည့်လာသောမျက်ဝန်းများတွင် သူစိတ်ရှုပ်နေသည်ဆိုကြောင်း သိသာလှသည်။

"ဘေဘီကို ကိုယ်ဘယ်လို
ဆုံးမရမလည်း''

ဒီတစ်ခါတော့ သူ့စကားကြောင့် မျက်လုံးပြူးသွားသည်က ကျွန်တော်။
အခုအချိန်တော့ အပြစ်ပေးမခံချင်ပါ။

"အဲ့ပန်းကန်ထဲက ဘာတွေလည်း ။
ငါကြည့်ဦးမယ် မကြိုက်ရင်တော့
လုံးဝမသောက်ဘူး''

"တကယ်ကွာဘာလေးလည်း''

ဟက်ခနဲတစ်ချက် ရယ်သံနှင့်အတူ နွေးသွားသော ကျွန်တော့်ရဲ့နှုတ်ခမ်း။

ကျွမ်းကျင်စွာစုပ်ယူနေသည့် သူ့နှုတ်ခမ်းပါးများက မူးမေ့မတတ်။ကိုက်ခဲခံလိုက်ရသော နှာခေါင်းနှင့်အတူ ပြီးဆုံးသွားသောသူ့အနမ်း။

Shadow Of You ( Completed )Where stories live. Discover now