ပြက္ခဒိန်တွင် မင်အနီဖြင့်
ဝိုင်းထားသည့် ရက်သို့ရောက်ရန်
ဒီနေ့နှင့်မနက်ဖြန်နှစ်ရက်သာ
လိုတော့သည်..။အကြိမ်ပေါင်းများစွာ ပြက္ခဒိန်ကိုကြည့်လိုက်
ဒေါသထွက်လိုက်နှင့်
ဘေးတွင်ရှိနေသော ပစ္စည်းများကို စိတ်လိုလက်ရ အခန်းထဲသို့
လွှင့်ပစ်မိသည်..။jungkook...
သူသိရဲ့သားနဲ့ တမင်လုပ်နေတာ..
သူသွားရတော့မှာသိသိကြီးနဲ့
ငါ့ဘေးနားမှာမနေပေးဘူး...
သူ့မှာအရမ်းကို အချိန်တွေပိုနေလို့လား''ဟား..''
အားမလိုအားမရ
နောက်ထပ်ပစ္စည်းတစ်ခုကို
ယူပြီး လွှင့်ပစ်မိသည်..။''taehyung...တစ်ယောက်ထဲ
ဘာတွေဖြစ်နေတာလည်း ပစ္စည်းကောက်ပေါက်သံတွေကြားလို့
ဘာဖြစ်နေတာလည်း...''စိုးရိမ်တကြီးမေးနေသော
jin hyungကြောင့် jungkookရဲ့
မကောင်းကြောင်းတွေအကုန်လုံးကို jin hyungကိုအကုန်ပြောပြပြီး
သူတိုင်ပြောလိုက်ချင်သည်...။''jungkookလေ
သူရူးနေပြီလားမသိဘူး''''ဟင်ဘာဖြစ်လို့..''
''ကြည့်ဟိုကိုသွားရမယ့်ရက်က ဘယ်လောက်မှမလိုတော့တာကို
သူဘာတွေလျှောက်လုပ်နေတာလည်းမသိဘူး။ ဟာကွာ.....''''taehyung စိတ်လျော့ဦး...''
''မသိဘူးဗျာ အခုသူ့မျက်နှာကို
သုံးချက်လောက် စိတ်ရှိလက်ရှိ
ပိတ်ထိုးပစ်လိုက်ချင်တယ်...''''jungkookဖုန်းဆက်ပြီး ပြောလို့ hyungဒီကိုရောက်လာတာ..''
''ဖုန်းတော့ဆက်သေးတယ်ပေါ့..''
နှုတ်ခမ်းတစ်ဆူဆူနှင့်
ဂျစ်တိုက်သံရောနေသော
ညီဖြစ်သူ၏ ဒေါသထွက်သံကြောင့် jin အသံထွက်အောင်ပင် ရယ်မိသည်...။''ဆက်ပါ့ဗျာ ဟောလိုးဝင်းမှာဝတ်ဖို့အတွက် အကုန်စီစဉ်ပေးလိုက်ပါတဲ့''
''သူစီစဉ်ပေးတော့ ဘာဖြစ်လည်း ဘာလို့သူများကို
အပူကပ်ရတာလည်းမသိဘူး...''''jungkookကို အပြစ်ပြောနေတာတွေ တော်လိုက်ပါတော့ taehyungရယ်..
သူ ဟောလိုးဝင်းကို ဘာလို့သူ့အိမ်မှာလုပ်တာလည်း ဆိုတာကို hyungကိုပြောပြတယ်..''
YOU ARE READING
Shadow Of You ( Completed )
Fanfiction"သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်အနံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမိသွားခဲ့တယ်...'' "သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်နံ့ဆွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမ...