ep(8)

47.7K 3.4K 218
                                    

Unicode#

ကျွန်တော်တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက တခြားသူတွေလို ရိုမန့်တစ်မဆန်ခဲ့ပါ။ ကိုယ့်ကားကို တမင်ဝင်ဆောင့်တဲ့လူကိုရန်တွေ့ရင်းသိကျွမ်းခဲ့တာမျိုးပေါ့ ။

တချို့ကံကြမ္မာတွေက ကိုယ်တိုင်ဖန်တီးယူမှ ဖြစ်လာတတ်တာဆိုရင် သေချာပေါက်ကတော့ သူတမင် ကျွန်တော့်ကားကို ဝင်တိုက်တာပဲ ဖြစ်နိုင်သည်။ အချိန်တိုင်း အတွေးထဲမှာ သူ့အကြောင်းတွေက အပြည့်။

သူ့ရဲ့အမိန့်ဆန်ဆန်အပြောတွေကို
စွဲမက်နေတာလား ဒါမှမဟုတ် စီးကရက်အနံ့စွဲနေတဲ့ သူ့ရဲ့နှုတ်ခမ်းကိုစွဲလန်းနေတာလားဆိုတာ တကယ်ကိုအခုထိဝေခွဲလို့မရသေး။

ညနေအိမ်သို့ပြန်လာသော်လည်း ငြီစီစီဖြစ်နေသည့်အတွက် ရေကိုသာ တန်းချိုးပစ်လိုက်သည် ။ သို့သော် ပူနွေးလာသော နဖူးဆီမှ အထိအတွေ့ကြောင့် ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲမိသည်။

တဖြည်းဖြည်းနုံးချိလာသော ခန္ဓာကိုယ်ကြောင့် လှုပ်ပင်မလှုပ်နိုင် ။အားတင်းကာ အကိုက်အခဲပျောက်ဆေး တစ်လုံးသောက်ရန် ကြိုးစားရသည် ။ ချွေးငုပ်နေသည်အထင်နှင့် ရေနွေးတစ်ခွက် သောက်ကြည့်ပါသော်လည်း ချွေးကနည်းနည်းမျှပင်ထွက်မလာ။ မထူးတော့သည့်အဆုံး ရှေးနည်းအတိုင်း လုပ်ရန်သာ ကြံလိုက်တော့သည်။

"ဒီလိုနေရတာညောင်းလာပြီကွာ''

စောင်ကြီးတစ်ထည်လုံး ခေါင်းမြီးခြုံထားပါသော်လည်း တစက်တလေမှ မထွက်လာသောချွေးများက လူကိုလှောင်နေသယောင် ။ စောင်မှာ ဂွမ်းစောင်အထူကြီးဖြစ်သည့်အတွက်  အသက်ရှုပင်ကျပ်လာသည်။

"Butterfly...like a Butterfly''

"ဟယ်လို''

"ဘေဘီ အခုဘယ်မှာလည်း''

"အိမ်မှာလေ''

"ဘာဖြစ်လို့လည်း ။
အသံကဖျော့တော့တော့နဲ့
နေမကောင်းဘူးလား''

Whattt ဒီကောင်ဘယ်လိုသိပါလိမ့်!

"အဖျားနည်းနည်းပဲရှိတာပါ''

"ကိုယ်လာခဲ့မယ်''

"ငါတံခါးမဖွင့်ပေးနိုင်ဘူးနော်''

Shadow Of You ( Completed )Where stories live. Discover now