ep(9)

53.5K 3.5K 586
                                        

Unicode#

မနေ့က အဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း သူကျွန်တော့်ကို ပိုပြီးဂရုစိုက်လာတယ်လို့ စိတ်ထဲမှာခံစားမိနေသည် ။ သနားလို့ဂရုစိုက်တာမျိုးဆိုရင်တော့ ကျွန်တော့်ကိုယ့်ကိုယ်ကိုပဲ ပိုပြီးဒေါသထွက်မိလိမ့်မည်။ ဘာလို့ဆိုကျွန်တော် သူ့ရှေ့မှာ မပျော့ညံ့ချင်လို့။

ရုံးဆင်းဆင်းချင်း သူ့အကိုနှင့်
မိတ်ဆက်ပေးမည်ဟု ဆိုသောကြောင့် သူကော်ဖီဆိုင်ကိုပဲ တန်းထွက်လာမိသည်။ သို့နှင့်မရှေးမနှောင်းရောက်လာသော သူ့အကိုနှင့်သူ ။ အရပ်အနည်းငယ်ပုပြီး အသားဖြူဖြူမျက်လုံးလုံးမှေးမှေးပုံစံရှိသော သူ့အကိုပုံစံက သူနှင့်လားလားမှ ရုပ်ဆင်မနေခဲ့။

''ဘေဘီ ဒါကိုယ့်အကိုMin yoongi''

Jungkook ရဲ့ ပုံစံက သိပ်နှုတ်ဆက်မပေးချင်ပုံရသည် ။ အသံက ခပ်မာမာနှင့် ။

''တွေ့ရတာဝမ်းသာပါတယ်
Min Yoongi Shii ''

''အာ.. အတူတူပါပဲ''

လက်ဆွဲနှုတ်ဆက်မည် ကြံသည့်အခါ Taehyung လက်ကိုလှမ်းချုပ်လိုက်သော  Jungkook ကြောင့် နှစ်ယောက်သား ကြောင်အသွားမိသည်။

Min Yoongi ကတော့ သူ့ညီအထာ သိသည်ထင် အသားကုန် အော်ရီလေသည်။

'' Jungkook မင်း အဲ့လောက်ကြီး အူတိုမနေနဲ့လေ ။ လက်လေးပဲလေ ထိမှာလေကွာ''

Min Yoongi ရဲ့ စကားကို Jungkook က ကြိုက်ပုံမရ ။ သူ့ဝသီအတိုင်း ပြန်အော်မပြောပုံအရ အကိုဖြစ်သူကို ခင်တွယ်ပုံ ရပါသည် ။

ထိုစဥ် Jungkook ဆီ ဝင်လာသည့် ဖုန်း ။

''လာခဲ့ပါ့မယ် ''

''အဖေလား ဘာတဲ့လည်း
မင်းကို ဘာခိုင်းမလို့လည်း''

''မသိဘူး အခုလာခဲ့တဲ့''

ရှုပ်ထွေးသွားပုံရသော Jungkook မျက်နှာက သူ့အဖေစကားကို မလွန်ဆန်နိုင်မှန်း သိသာလွန်း ။

ညီအကိုနှစ်ယောက်ရဲ့ စကားဝိုင်းကြား ငြိမ်သက်နေသည့် Taehyung ဘက်ကို Jungkook က လှည့်ကြည့်ပြီး

''အကိုနဲ့စကားပြောနှင့်နော်
ကိုယ်ပြီးရင် ပြန်လာခဲ့မယ်''

Shadow Of You ( Completed )Onde histórias criam vida. Descubra agora