Unicode#
တင်ပါးမှ နာကျင်မှုနှင့်အတူ
နိုးလာသည့်အခါ ရောက်နေသည်က မိမိအိမ်ရာပေါ်မှာ.."သူ ငါ့ကိုရွေ့ခဲ့တာလား?''
အတွေးတို့ ပျံ့လွှင့်နေတုန်း
ဘေးဘက်နံရံပေါ်တွင်
ကပ်ထားသောစာရွက်တစ်ရွက်.."ကိုယ်တော့ အလုပ်ကိုသွားနှင့်ပြီ။ မနက်စာ ပြင်ပေးထားခဲ့တယ်။
ဆေးတော့မလိမ်းပေးခဲ့ဘူး။ နာပြီး
နိုးလာမှာဆိုးလို့ နောက်မှတွေ့မယ်''လူကိုနာအောင်လုပ်ပြီးမှ
တောင်းပန်တာတွေလည်းမရှိဘူး။ တော်တော်ကို ဆက်ဆံရေးညံ့တာပဲ။ထိုင်မည်ဟုပြင်သည့်အခါ တင်ပါးမှဒဏ်ရာကြောင့်မထိုင်နိုင်။ သူ့ရဲ့လက်ဝါးအားကြီးက နည်းတာမှမဟုတ်တာ ။ အကျီဘောင်းဘီတွေကို ခက်ခက်ခဲခဲဝတ်ပြီး ကုမ္ပဏီသို့သွားရန်ပြင်ရလေသည်။ အစည်းအဝေးနောက်ကျလို့ ဖြစ်တာမဟုတ်။
တင်ပါးမှနာကျင်မှုကြောင့်
တစ်နေ့လုံးအဆင်ပြေမနေပါ။
လူဆိုးကောင် မင်းတော့!"တီ.....တီ...''
"ဟယ်လို''
"ကိုယ် အခုဘေဘီရဲ့ကုမ္ပဏီမှာ''
"ဘာလာလုပ်တာလည်း''
"အခုကိုယ်သန့်စင်ခန်းထဲမှာ
ဘေဘီလာခဲ့''"ဘာကိစ္စနဲ့လာရမှာလည်း ငါက''
"အဲ့တာဆို ကိုယ်လာခေါ်ရမလား''
အေးစက်စက်နှင့် ခပ်ပြတ်ပြတ်အသံကြောင့် လူကခပ်လန့်လန့် ။ သူကအတည်လုပ်တာမို့ ။
"ရတယ်ငါဆင်းလာခဲ့မယ်''
သွားနေသောလမ်းတစ်လျှောက်လိပ်ပြာကတစ်စက်မှမလုံ။ ဝန်ထမ်းများကလည်း ရှိန်နေလို့သာ မမေးရဲကြတာ သိချင်နေမှာတော့အမှန်။ ဝန်ထမ်းသုံးအိမ်သာကို တစ်ခါမှမသုံးဖူးတဲ့ CEO ဆိုတော့ ။
ရောက်သည့်အခါ လက်ဆေးရန်
ဘေစင်ဘေးတွင် မိန့်မိန့်ကြီး
ရပ်နေသော သကောင့်သား။"ဘေဘီ ဒီနားလာခဲ့''
တကယ်တစ်ယောက်ယောက်
ရှိနေရင်မလွယ်ဘူး။ ခေါ်ပုံကိုက
တစက်မှမပြောင်း။
YOU ARE READING
Shadow Of You ( Completed )
Fanfiction"သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်အနံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမိသွားခဲ့တယ်...'' "သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်နံ့ဆွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမ...