Unicode#
တစ်စုံတစ်ယောက်ကို မျှော်နေတာ ၊ စောင့်နေတာ ကျွန်တော့်စတိုင်မဟုတ်ဘူး။ ဒါပေမဲ့ သူဆက်မဲ့ဖုန်းကိုတော့ အရူးလို မျှော်နေမိခဲ့တာ ။ သူကတော့တချက်ကလေးတောင် မဆက်ခဲ့ဘူး။
စဉ်းစားကြည့်ရင် သူ့နာမည်ကိုတောင်မှ မိတ်ဆက်ပေးခဲ့တာမဟုတ်ဘူး။ ကျွန်တော့်ဘာသာ စုံစမ်းပြီးသိလာခဲ့တာ။ အရမ်းကြီးခံစားနေရအောင် ဒါကfirst loveလည်း မဟုတ်ပြန်ဘဲနဲ့။
ကျွန်တော်လည်းရှုပ်ပွေခဲ့တာပဲ
ဒီတစ်ယောက်နဲ့မှ အရာအားလုံးက ကမောက်ကမတွေဖြစ်ကုန်တာ။လျှို့ဝှက်လွန်းတဲ့သူ့ကို
တကယ်နားမလည်နိုင်တော့ပါ ။ခပ်ယဲ့ယဲ့ သက်ပြင်းချသံနှင့်အတူ
ခုံကို လေးတွဲ့စွာ မှီနေမိသည်။မုန်းလိုက်တာမင်းကို..
မီးပွိုင့်ကိုစောင့်နေတုန်း ဘေးမှမှန်ကိုခေါက်သံကြောင့် ကြည့်မိသည့်အခါ ဟိုသကောင့်သား။ တံခါးကိုဖွင့်ပေးဖို့မျက်နှာရိပ်မျက်နှာကဲနှင့် ပြသည့်အခါအမြင်ကပ်ကပ်နှင့်ဖွင့်မပေးမိ။ မီးစိမ်းပြတာနှင့် ရှေ့သို့သာအရှိန်နှင့် မောင်းသွားမိသည်။
မင်းကိုလည်း လျစ်လျူရှုကြည့်ဦးမယ်။
နောက်တစ်နေ့ရုံးဆင်းသည့်အခါရုတ်တရက်ဝင်လာသောဖုန်းကြောင့်..
"ဟယ်လို''
"ကိုယ်လာနေပြီ စောင့်နေ''
"ဘာကိစ္စနဲ့စောင့်ရမှာလည်း မင်းကို''
ထပ်လာမည့်စကားကိုနားမထောင်ပဲဖုန်းကိုချပစ်မိသည်။ ထပ်မံပြီးဝင်လာသည့်ဖုန်းကိုလည်းမကိုင်။ ကားပေါ်သို့တက်ကာမောင်းလာမိသည် ။ မနေ့ကလို မီးပ္ပိုင့်တွင် တွေ့မည်ထင်သော်လည်းရှိမနေပြန်။
ပိုကောင်းတာပေါ့လို့ ခပ်အေးအေးတွေးမိသည့်အချိန် ကားအရှေ့သို့ အရှိန်ဖြင့်ရပ်လိုက်သော ဆိုင်ကယ်တစ်စီးကြောင့် ဘရိတ်ကိုသာအလျင်အမြန်အုပ်လိုက်ရသည်။
ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်သည့်အခါ လူကမှင်သက်သွားရသည်။ ဆုံနေသည့်အကြည့်ကို တချက်မှမရွေ့ပဲ ခပ်ဖြည်းဖြည်းလျှောက်လာပုံက အမြင်ကပ်စရာ။ ဘေးမှန်ကိုပုတ်သော်လည်း မှန်လှပ်ပေးခြင်းမရှိသော ကျွန်တော်ကြောင့် တွန့်ချိုးသွားသော သူ့မျက်ခုံးများ။ ဆိုင်ကယ်ဆီ တချက်လျှောက်သွားပြီး ဖုန်းခေါ်သည့်သူ့ကြောင့်..

ESTÁS LEYENDO
Shadow Of You ( Completed )
Fanfiction"သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်အနံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမိသွားခဲ့တယ်...'' "သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်နံ့ဆွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမ...