ကောင်လေးက
သူ့အိမ်သို့မလိုက်စေချင်သည့်ပုံနှင့်အတင်းငြင်းနေသည့်အတွက်
တမင် ကောင်လေး၏အိမ်သို့သာ
ကားဖြင့်ဦးတည်မိသည်..။တံခါးဖွင့်ခါနီးအချိန်အထိ
လက်ကိုအတင်းဆွဲထားပြီး
သူ့အိမ်ထဲသို့မဝင်စေပေ..။''ဘေဘီ အခုမှ ခရီးဝေးက ပြန်လာတဲ့လူကို စိတ်တိုအောင်လုပ်တာလား''ဟုအသံမာမာနှင့်မေးမှ
လက်ကိုလွှတ်ပေးသည်..။အိမ်တံခါးဖွင့်လိုက်သည်နှင့်
ေထာင်းခနဲထွက်လာသော
အရက်နံ့နှင့်အတူ ကြမ်းပြင်ပေါ်တွင် ဟိုတစသည်တစ ပြန့်ကျဲနေသော ဘီယာဗူးခွံများ..။''မြင်လား အိမ်က အဲ့လိုမျိုး
ရှုပ်ပွနေလို့ မဝင်ခိုင်းတာ..''ဆူအောင့်အောင့်နှင့်ပြောလိုက်သော ကောင်လေး၏အသံကို
မကြားယောင်ပြုကာ
အိပ်ခန်းဆီသို့ ဝင်ကြည့်မိသည်။ကျွန်တော်ဆေးလိပ်သောက်နေကျ ပြတင်းပေါက်ကြီးကို လိုက်ကာဖြင့်ပိတ်ထားပြီး သူ့ကုတင်ပေါ်တွင်
ပြန့်ကျဲနေသည်မှာ
သူ့အိမ်တွင်ထားလေ့ရှိသည့်
ကျွန်တော့်အဝတ်များ..။''ဘေဘီ ဘာလို့ကိုယ့်အဝတ်တွေကို ဗီရိုထဲမထည့်ဘဲ အပြင်ကို
ထုတ်ထားတာလည်း..''''အဲ့ဒါကြောင့်
ငါ့အိမ်ကိုမလာပါနဲ့ဆိုနေမှကို..''နားထဲသို့စူးနေအောင်ကပ်အော်ပြီး ကျွန်တော့်အဝတ်များကို
အလျင်အမြန်သိမ်းနေလေသည်..။အနံ့နဲ့ပတ်သတ်ပြီး အရမ်းsensitiveဖြစ်သည့်
ကျွန်တော်ကပဲ သက်ပြင်းချကာ
ခရီးဆောင်အိတ်ကို ဘေးမှာကပ်၊ အဝတ်များကို ကုန်းကုန်းကွကွ
သိမ်းနေသောကောင်လေးအား
ပွေ့ချီပြီး အခန်းအပြင်ဘက်သို့
သွားချလိုက်သည်..။''အခန်းထဲ ဝင်မလာခဲ့နဲ့
ကိုယ်ရှင်းလိုက်မယ်ဟုတ်ပြီလား..''''ရား အဲ့ဒါဆို ငါ့ကို ဒီတိုင်း အခန်းအပြင်ဘက်ထွက်လို့ပြောလိုက်လေ အခုတော့ ကုန်းကုန်းကွကွကြီး
မင်းလက်ထဲမှာ ယက်ကန်ယက်ကန် ပါလာတာလေ..''ခါတိုင်းလိုမဟုတ်ဘဲ တည်ငြိမ်အေးချမ်းသော မျက်ဝန်းများဖြင့်
ကျွန်တော့်ကို အကြာကြီးစိုက်ကြည့်ပြီး
![](https://img.wattpad.com/cover/237033669-288-k712485.jpg)
YOU ARE READING
Shadow Of You ( Completed )
Fanfiction"သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်အနံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမိသွားခဲ့တယ်...'' "သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်နံ့ဆွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမ...