တခြားချစ်သူတွေလို
ဖုန်းထဲကနေတစ်ဆင့်
တစ်တီတူးစကားများကို
မပြောတတ်သည့်
ကျွန်တော်တို့နှစ်ယောက်က
အခုလိုမျိုး ဝေးနေသည့်အချိန်များဆို ပို၍သွေးအေးကြသည်..။ဟိုတစ်လောလေးကမှ jungkookက jeon groupရဲ့ CEOဖြစ်သွားသည့်အတွက် ခါတိုင်းထက်ပိုပြီး
အလုပ်ရှုပ်နေတဲ့အချိန်တွေဆိုရင်
ပိုဆိုးတာပေါ့။တစ်ပတ်မှာတစ်ခါတောင်မတွေ့ဖြစ်လို့ဆိုပြီး ကျွန်တော့်ဘက်က သူ့ကို ဘယ်တော့မှ သွားတွေ့လေ့မရှိပါဘူး။
မာန...
အဲ့ဒီမာနက
တားမြစ်နေတာဆိုရင် ပိုမှန်မယ်..။ဒါပေမဲ့ သူ့ကိုလွမ်းတိုင်း
သူ့ကော်ဖီဆိုင်ကိုပဲ
သွားထိုင်လေ့ရှိသည်မှာ
ကျွန်တော့်အကျင့်တစ်ခုလို။ဒီနေ့ညလည်း သူ့အငွေ့အသက်တွေရှိနေတဲ့ သူ့အကျီတစ်ထည်ကို
ထွေးပိုက်ပြီး အိပ်စက်ရဦးမည်..။''တီ..တီ..''
''တီ..တီ..''
''တီ...တီ..''
အဆက်မပြတ်
ဆိုင်ကယ်ဟွန်းတီးသံကြောင့်
စိတ်ကနည်းနည်းရှုပ်ထွေးသွားသည်..။ဘယ်ကအကောင်
ငါ့အိမ်ရှေ့လာပြီး ဆူညံနေပါလိမ့်..။ပြတင်းပေါက်ကနေကြည့်လိုက်တော့
အနက်ရောင်ဂျာကင်နှင့်
စီးကရက်ဖွာကာ
ဆိုင်ကပ်ကိုမှီရပ်နေသည့် ကျွန်တော့်၏ နှစ်ယောက်မရှိသော jungkook...။🎼Butterfly...like a butterfly....🎼
''ဘေဘီ...''
''အင်း..ပြော..''
''အနွေးထည်ထူထူ ဝတ်လာပြီး အောက်ဆင်းခဲ့..''
''အင်း..''
''အနွေးထည်မထူရင်
ပြန်ဝတ်ခိုင်းမှာနော် ထူထူဝတ်ခဲ့..''''သိပါတယ် ဆရာကြီးလုပ်မနေနဲ့..''
ထူလောက်မည့်အနွေးထည်
တစ်ထည်ကို ဝတ်ကာ
အောက်ထပ်သို့ ဆင်းသွားသည့်
ကျွန်တော့်ခြေလှမ်းများက
ခါတိုင်းထက်ပိုပြီးသွက်လက်နေသည်။ကျွန်တော့်ကိုတွေ့တော့
ဖွာလက်စ စီးကရက်ကို
ခြေထောက်ဖြင့် နင်းခြေပြီး
လက်ကိုဆွဲယူကာ
သူ့နားသို့ ဆွဲခေါ်သည်..။
YOU ARE READING
Shadow Of You ( Completed )
Fanfiction"သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်အနံ့စွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမိသွားခဲ့တယ်...'' "သူ့ရဲ့ ခပ်ထေ့ထေ့လှောင်ပြုံးနဲ့ စီးကရက်နံ့ဆွဲနေတဲ့ နှုတ်ခမ်းပါးတွေကို အမြင်ကပ်စရာကောင်းလောက်အောင် ကျွန်တော် စွဲလမ်းမ...