ep(15)

40.9K 2.9K 276
                                    

ဘာစကားမှမပြောဘဲ သူ့အဒေါ် ဓါတ်ပုံကို စိုက်ကြည့်နေတဲ့ Jungkookက လာသမျှလူတွေကို ဧည့်မခံတဲ့အပြင်ဂရုကိုစိုက်မနေခဲ့ဘူး။ ဒါကြောင့်ကျွန်တော်ကပဲအစစအရာရာ။ အဖေဖြစ်သူကလည်း ဖုန်းတစ်ချက်တောင်ဆက်ဖော်မရပါဘူး။ Yoongi Hyungကတော့ အကုန်ဒိုင်ခံလုပ်ပေးတာပဲ။

''Taehyung... Jungkookကို ဂရုစိုက်ပေးပါဦး ။ အကို စကားသွားပြောတုန်းကလည်း ဘာမှပြန်မပြောဘူး''

''စိတ်ချပါ ဂရုစိုက်ပေးမှာပါ''

''အကိုပြန်တော့မယ်နော် အဲ့ဒါဆိုရင် အကိုအကုန်လုပ်ပြီးသွားပြီ Jungkookကိုခေါ်ပြီး ပြန်ရုံပဲ''

''အင်း''

Jungkookဘက်ကို ကြည့်ပြီး
သက်ပြင်းတစ်ချက်ချကာ ထွက်သွားသော Yoongi Hyung ။

''Taehyung မင်းပြန်တော့မှာလား''

ဘေးနားက Hoseokက စိုးရိမ်တကြီးမေးသည်။ ပွဲအစကနေ အခုအထိ Hoseokက ရှိနေပေးခဲ့တာ။

''မင်းပြန်ရင်ပြန်နှင့်လေ ငါJungkookကို ရအောင်ခေါ်ပြီး
ပြန်တော့မှာ''

''အေးအဲ့ဒါဆို ငါပြန်မယ်နော်''

''အေးအေး''

Hoseokပါ ပြန်သွားတော့ ဒီထဲမှာကျွန်တော်နှင့်Jungkook နှစ်ယောက်ထဲသာ ကျန်တော့သည်။

အခုထိ သူ့အဒေါ်ဓာတ်ပုံကို ငေးကြည့်နေဆဲ Jungkookကို စကားလှမ်းပြော
ကြည့်သည်။

''Jungkook''

ပြန်မထူးသဖြင့် ပုခုံးကို ခပ်ဖွဖွပုတ်ပြီးထပ်ခေါ်မိသည်။

''Jungkook''

''ငါတို့ပြန်ရအောင်လေ''

​မလှုပ်မယှက်ရှိနေဆဲမို့ သူ့လက်ကိုဆုပ်ကိုင်ပြီးထပ်ပြောကြည့်သည်။

''Jungkook အိမ်ပြန်ရအောင်လေ ဒီလိုကြီး မနေနဲ့တော့ကွာ''

နီရဲရဲမျက်ဝန်းတွေနှင့်
လှည့်ကြည့်လာသည်။

''အင်းပြန်မယ်လေ''

အိမ်ရောက်သည်နှင့် ကော်ဖီထဲအိပ်ဆေးခတ်ပြီး သူ့ကိုတိုက်သည်။သူမအိပ်ပဲနေတာ
ဘယ်လောက်ကြာပြီလည်း။

သူအိပ်နေသည်ဟု သေချာသည်နှင့်အပေါ်ကုတ်အကျီကို ထပ်ဝတ်ပြီး
သူ့အဖေရှိရာသို့ထွက်လာမိသည်။

Shadow Of You ( Completed )Dove le storie prendono vita. Scoprilo ora